မေ………သို့ (၁၁) မင်းလူန
မေ……………
နေသားမကျတဲ့ 
ရင်ဘက်ကဒဏ်ရာမှာ
အခုထိအစိမ်းရောင်ပုံရိပ်တွေနဲ့ 
မင်းကငါ့ ကိုဖမ်းစားဆဲပေါ့ 
တိုးတိုးလေး
တစ်ကယ့် ကိုတိုးတိုးလေးငို
တိတ်တိတ်လေးလွမ်း
နည်းနည်းချင်းခံစားရတယ်
ဒါပေမဲ့ 
ခံစားချက်ကကြီးတော့ 
ဒဏ်ရာလဲကြီးတယ်ကွယ်
ငါငိုမယ်
အဲ့ ဒီငိုသံနဲ့ မျက်ရည်တွေမှာ
ငါ့ ကိုယ်ငါ
အဓိပ္ပါယ်မဲ့ အောင်လဲ
မင်းကငါ့ ရဲ့ မနက်ဖြန်တွေကို
ယူသွားတယ်
ကင်းကင်းနေမယ်
ဝေးဝေးရှောင်မယ်
ခပ်စိမ်းစိမ်းဆက်ဆံမယ်
အဲ့ လိုအိမ်မက်တွေနဲ့ 
စိတ်ကူးနဲ့ နဲ့ လေးတွေလဲ
ဘောင်မ၀င်မှန်းသိရဲ့ နဲ့ 
မွေးထုတ်လိုက်ဖူးတယ်
မေရေ…………
ခုငါက
ကြယ်ကိုလိုချင်လို့ ငိုတဲ့ 
ခလေးလိုမှမဟုတ်ါတာ
နေရောင်မမြင်လို့ 
နွမ်းတဲ့ သစ်ခြောက်ပင်လိုလူမို့ 
ဒီအတိုင်းထားခဲ့ မယ့် အတူတူတော့ 
ခုတ်လှဲခဲ့ ပါကွယ်
မင်းလူန
Comment #2
ခံစားမိပါတယ်……….။တကယ့်ကိုကျွန်တော့်ခံစားချက်တွေနဲ့ တိုက်ဆိုင်လွန်းပါတယ်ဗျာ…။
“မေ”…
Comment #1
Yin bat g hnit khan sarr ke par de