နင်မသိဘူးမလား
နင်မသိဘူးမလား
နင်မသိတဲ့
မျက်ရည်ကောင်းကင်တစ်ခု
ပြိုပျက်သွားတယ်ဆိုတာ#
နင်မသိဘူးမလား
နင်မမြင်တဲ့
သစ္စာတရားတစ်ခု
ခိုင်မြဲခြင်း သော့အထပ်ထပ်နဲ့ဆိုတာ#
နင်မသိဘူးမလား
နင်မကြားတဲ့
လေသံတစ်ခု
ငိုရှိုက်သံ သဲ့သဲ့နဲ့ဆိုတာ#
နင်မသိဘူးမလား
နင်မမြင်တဲ့
ကောင်မလေးတစ်ယောက်
အချစ်တွေ တစ်နင့်တစ်ပိုးနဲ့ဆိုတာ#
ကြက်ခြေခတ် X
Comment #6
I like it so much.. 😀
Comment #8
ဒီကဗျာကိုလည်းကြိုက်တယ်…….ဒီလိုကဗျာလေးတွေများများရေးနော်…….အမြဲတမ်းအားပေးနေမယ်နော်…..ဖြူလေးက….
Comment #9
what is ဖြူလေး ? ကဗျာ ကတော. လန်းတယ်
Comment #11
ဒီကဗျာလေးက ….ဖြူလေးနဲ့ထပ်တူပါတယ်….
ဖြူလေးလည်း သူ့ကို “နင်မသိဘူးမလားလို့” မေးလိုက်ချင်ပါတယ်…….
Comment #12
ကဗျာထဲကလို မသိတာပဲကောင်းတယ်……သိသွားရင် ရှုပ်ကုန်မှာပေါ့…….
Comment #13
ဟုတ်လား…ဒါဖြင့် မသိအောင်ပဲနေသွားရမယ်ပေါ့…..
Comment #15
မသိအောင် နေရမယ်လို့တော့မဟုတ်ပါဘူး…….ကိုယ်ချစ်တဲ့လူကို စိတ်ပူတာ ၊ဂရုစိုက်တာ၊ချစ်တာမျိုးက သူ သိသိ မသိသိ ဖြစ်နေတဲ့စိတ်ခံစားမှုမျိုးပဲဟာကို……သိလဲ အရေးမဟုတ် မသိလဲအရေးမဟုတ်ဘူးလေ…….အဲ့ဒီလိုမျိုး ပြောတာပါ
Comment #17
ဟုတ်တယ်နော် သူအတွက်ဘာတွေလုပ်ပေးပေး သူမသိတာပဲကောင်းတယ်
သူပျော်သွားရင်ပြီးတာပါပဲ
Comment #18
“ရင်ခုန်တာ နင်မသိပေမယ့်
နင် သိအောင်လည်း မပြောတော့ပါ…
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ…
ရင်ခုန်သံ မျက်နှာချင်းဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်)နှလုံးသားမှာ
အမုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ…”
ငါတော့… ခု အဲလိုပဲ…။
Comment #21
=P နင့်သယ်ရင်းပဲ … ဒီလောက်တော့ ရှိမပေါ့
Comment #23
ပေါလိုက်ကြတာကွာ…
Comment #24
nin ma ti bu ma lar?
ei lay ka dot ya bu,,
ti aung loak hmar pe,
Comment #1
ကဗျာဖတ်တဲ့သူတွေတော့ သိသွားပြီ (:
ဒီကဗျာရော မကြောက်တရား ရော ကောင်း၏။
(: (: