Professional Authors

နေ့ လည်ခင်းအိပ်မက်

ပြန်မလာအရိပ်
တိုးတိတ်ကြေကွဲ
မျက်နှာကျက်ကိုငေးရင်း
မှောင်ရိပ်မှာပဲ
တိတ်တိတ်ငိုလေတယ်……

ခေါ်သံစိမ်းစိမ်းကြီတွေ
တဖြတ်ဖြတ်လူးလွန့် 
လေတိုးနေတဲ့
အဲ့ဒီပြတင်ပေါက်ကို ပိတ်စမ်းပါ

ဒေါင့်တဒေါင့်ကိုမှီ
‘ဖော်ဝေး’ ရဲ့စာအုပ်ကိုငေးစိုက်
ကိုယ့်ခေါင်းကို ထုရိုက်ရင်း
မွန်းတည့်ချိန်မှ အိပ်မောကျလေတယ်

ရင်ဘတ်တခုလုံးပစ်ချ
မျက်ရည်တစက်အငွေ့ ပျံ
အနီရောင်သန်းတဲ့ အခန်းကို
ဘာကခြောက်လှန့် နေတာလဲ

စက္ကန့် တံလေးရယ်
တိတ်တိတ်နေစမ်းပါ
ဒီနံရံကြီးကိုရွှေ့ ရအောင်
(အပြင်ဘက်ကအသံဘလံတွေထဲ
အားပါးတရခုန်ထွက်လိုက်ချင်လို့ )

လက်ထဲကအခန်သော့
လှေကားရင်းက ဖိနပ်တရံ
ပြည့်စုံနေတဲ့ အဲ့ဒီထွက်ပေါက်ကို
ဘာက ပိတ်ထားတာလဲ

တကယ်တော့
ငါ့အဖြစ်ကလည်း
ငါ အိပ်မောကျခါမှ
ငါ မသိအောင်
ငါ့ အခန်းထဲက
တိတ်တိတ်လေး
ခိုးထွက်လာခဲ့ရတယ်……………………။

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

ပေါ်ပေါ်ထင်ထင်ပဲ
ပေါ်တင်ဖတ်လိုက်တယ်
မိုက်တယ်….

commentinfo By: ကြက်ခြေခတ် at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment