ရပ်တည်ချက်မဲ့တဲ့ ဘဝ
နွေလိုပဲပူလောင်တယ်..
နွေလိုပဲအထီးကျန်တယ်..
နွေလိုပဲ ခြောက်သွေ့မှုကိုခံစားရတယ်…
ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့နေ့စွဲတွေကို
မြန်နိုင်သမျှမြန်အောင်မီးရှို့လိုက်ချင်တယ်
ဒါပေမယ့် သူတို့ကရှေ့မှာအမြဲတမ်း စောင့်ကြိုနေကြတယ်..။
မရေရာမသေချာမှု မိုင်းတွေနဲ့ပြည့်ဝနေတဲ့
စိတ်ပျက်စရာ ငါ့ဘ၀ကြီးကို
မီးပုံပျံတစ်လုံးလို လွှတ်တင်လိုက်ချင်ရဲ့
မှိုင်းတွေကုန်ပြီး ပြုတ်ကျတဲ့အချိန်မှာ
ဒဏ်ရာတွေဘယ်လောက်များပါစေ
ငါ ကျေနပ်မိမှာပါ….။
အထပ်ထပ်အခါခါ မှန်ကြည့်ပြီးတဲ့အချိန်မှာ
ငါ့ကိုယ်ငါ ပြန်လျှောက်ခဲ့တယ်..
အဲဒီမှာ ငါမျှော်မှန်းခဲ့တဲ့အရာတွေက
ငါ့ကို တိုက်စားနေတဲ့ အရာတွေကို
အစားထိုးပြီး ထွက်ခွာသွားကြတယ်…။
စိတ်အမာရွတ်တွေက ငါ့ကိုနှိပ်စက်နေတဲ့ အချိန်မှာတောင်
ငါ့ကိုယ်ငါ ပြန်မထိန်းနိုင်ခဲ့ပါဘူး..။
ကံကြမ္မာကတော့ အံ့အားသင့်စွာနဲ့ပဲ
ငါ့ကိုလက်ညှိုးထိုးပြီး ရယ်မောသွားတယ်..
ငါမဖျက်ပဲ ပျက်တဲ့လူက မင်းပဲရှိတယ် ဆိုပဲ….။
ဒါဟာ ငါ့ဘ၀ ဆိုရင်တော့ ငါကိုယ်တိုင် ဖန်တီးခဲ့တာပဲ ဖြစ်တယ်…။
တဖြည်းဖြည်းနဲ့ သွေးပျက်လာတဲ့ ငါ့ကို
ငါကိုယ်တိုင် ပြန်ဆွဲထုတ်ဖို့ ကြိုးစားမိတယ်…။
ကတိတစ်ခုတော့ ပေးပါ့မယ် ဘုရားသခင်
လူဖျင်းတွေ ပြောသလိုပေါ့
နောက်တစ်ခါ ဒါမျိုးမဖြစ်စေရပါဘူး လို့….။
အသေချာဆုံး ငါ့ကိုခြောက်လှန့်လိုက်တာက
ငါကိုယ်တိုင် အဲဒီ ကတိစကားကို မယုံတာပဲ…။
ဟိုးအဝေးကြီးအထိ ထပ်တူထပ်မျှ လျှောက်လှမ်းရမယ်ဆိုရင်တော့
နောက်ကြုံရမယ့် ဘ၀ပေါင်းများစွာကို တားဆီးပေးကြပါ..
ဒီ ဘ၀ တစ်ခုတည်းကပဲ ငါ့ကို ချွတ်ခြုံကျစေခဲ့ပါပြီ…။ ။
Comment #1
သူငယ်ချင်း ရေ ကောင်းတင်္ရ. ဟ .
အစ ပိုင်းလေးတော့ လိုသေးတရ်.
အဟဲ ဝေဖန်သံလေးလည်း ထည့်ပေးရမှာပေါ့ . ကွာ