ငါနင့်ကိုခွင့်လွှတ်တယ်
အေးစက်ထုံကျဉ်မှုတွေနဲ့
ဥပေက္ခာတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
ငါ့ရဲ့ကြင်နာမှုတွေနဲ့ဂရုစိုက်မှုတွေကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မချစ်တတ်တဲ့နှလုံးသားတစ်စုံအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အရိုးစွဲမတတ် ချစ်တတ်တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
ပြင်းရှရှ ခါးသီးတတ်တဲ့
စကားလုံးတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
ကလေးလို စကားလုံးလှလှတွေနဲ့
တီတီတာတာ ပြောတတ်သူကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အထီးကျန်ဆန်တဲ့
အနာဂတ်တစ်ခုအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အတိတ်ကိုလှပအောင် ခြယ်သခွင့်
နင်ပေးခဲ့သလိုပေါ့
အိပ်မရအောင် ခြောက်လှန့်တဲ့
အိပ်မက်ဆိုးတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အိပ်မရတိုင်း ဖုန်းခေါ်တတ်တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အချစ်ကို မလိုအပ်တော့တဲ့
ငါ့အဖြစ်အတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
အချစ်ကို ကိုးကွယ်ဖူးခဲ့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မာနတွေ ရင်ဝယ်ပိုက်ထားတဲ့
ကာလတစ်ခုအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
နင့်အတွက်ဆို အမှတ်မရှိတဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အထင်အမြင်လွဲမှုတွေအတွက်
ငါနင့်ကိုခွင့်လွှတ်တယ်
မယုံကြည်တော့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
ငါ့အချစ်တွေနဲ့
မိုးလောက်အောင်မြင့်ခဲ့တဲ့
နင့်ကိုခွင့်လွှတ်တယ်
နင့်ကိုချစ်လို့ဟိုးအောက်ထိ
နှိမ့်ချခဲ့ဖူးသူကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
မျှော်လင့်ချက်တွေ ဖျက်ဆီးသူ
နင့်ကိုခွင့်လွှတ်တယ်
မျှော်လင့်ခဲ့တဲ့ငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
စွန့်လွှတ်အနစ်နာခံသူအပေါ်
အခွင့်အရေးယူခဲ့တဲ့
နင့်ကိုခွင့်လွှတ်တယ်
သနားစရာငါ့ကို
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့
အရာရာအတွက် ငါနင့်ကိုခွင့်လွှတ်တယ်
ငါကိုယ်တိုင် ရစ်ဘီးက ဖြတ်ပေးလိုက်တဲ့
တစ်ခါက စွန်ငယ်တစ်ခုကို
အပြီးအပိုင်စွန့်လွှတ်တယ် ။ ။
*Snowflake*
04/08/10
23:43 pm
Comment #3
ကောင်းပြန်တာပဲ ညီမလေးေ၇…
ညီမလေးကို အေ၇းကောင်းလွန်းတယ်

Comment #4
အရမ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ …..

Comment #5
အရမ်းကောင်းပါတယ်

Comment #9
really really nice.
really really nice.
really really nice.

Comment #10
ခွင့်လွှတ်နိုင်တာကောင်းပါတယ်…
ဒါ အင်မတန်ခက်တယ်

Comment #11
ngar nin ko kwint hlut de;

Comment #12
super super like

Comment #13
အရာရာအတွက် ငါနင့်ကိုခွင့်လွှတ်တယ်
ငါကိုယ်တိုင် ရစ်ဘီးက ဖြတ်ပေးလိုက်တဲ့
တစ်ခါက စွန်ငယ်တစ်ခုကို
အပြီးအပိုင်စွန့်လွှတ်တယ် ။ ။ ဒီစာသားလေး ကို အရမ်း ကြိုက် တယ် ….

Comment #15
နင်ခွင့်လွှတ်ပေးခဲ့သလိုပေါ့…….
အရာရာအတွက် ငါနင့်ကိုခွင့်လွှတ်တယ် ။။။

Comment #1
good poem