ရေးလက်စသီအိုရီ
ရှေ့ဖြစ်မဟောတတ်တဲ့ဂျစ်ပစီပါ
နာရီအသေတွေနဲ့မရင်းနှီးဘူး
ကြယ်တွေမရေတွက်ဖူးဘူး
အမြဲတမ်းစိတ်က ရှေ့ကပြေးပြီး
နာမ်ကနောက်ကျ
အပေါစားပန်းသီးတစ်လုးံလောက်တောင်
မချိုမြိန်ခဲ့ဘူး
လက်ရှိညနေခင်းလေးတစ်ခု့ရယ်
အိမ်မက်သေးသေးလေးတစ်စုံရယ်
ရိုးရိုးလက်ဖက်ရေတစ်ခွက်ရယ်
ဘ၀ကို ဇွန်းမတက်ဘဲ မွှေတယ်
ခု့ရောက်ပြီး ခု့ပြန်တဲ့ သံသရာထဲမှာ
ငါလဲ
နည်းနည်းတော့အမောဖြေချင်တယ် ။
ဥာဏသစ်
2008
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service