Professional Authors

အလွမ်းတွန်သံ

တာရာလတို့ ငိုတဲ့ည
ငါ့နဘေးမှာ မင်းအပြုံးတွေ ဆိတ်သုန်းသွားတဲ့အခါ
မင်းသိလိုက်မယ်မဟုတ်ဘူး
ငါဟာ
ရင်နဲ့ရင်းပြီး ရူးသွပ်ထားသူတစ်ယောက်ဖြစ်တယ်။

ဆောက်တည်ရာမဲ့ နာရီတစ်လုံးရဲ့အော်သံတွေ

ချပ်ချပ် ချင်း ထပ်နေတယ်။

ဒီည ငါ့အလွမ်းတွေ တွန်တဲ့ည။

အချစ်…………….။
မင်းအပြုံးတွေရပ်သွားဦး
မင်းရင်ခုန်သံတွေမသေစေနဲ့

အချစ်
မင်းမျက်လုံးတွေကန်းဦး
သည်အချစ်မှာ မျက်စိမရှိ…..။

တို့တွေသိခဲ့တဲ့အချစ်ဆိုတာ
ကောင်းကင်ရဲ့အစွန်းမှာ
ပြိုင်မျဉ်းတို့ ဆုံမိခြင်းပဲ

တို့တွေသိခဲ့တဲ့အချစ်ဆိုတ
ဖွားမြင်ခြင်းနဲ့ သေဆုံးခြင်းတို့ အစပျိုးရာပဲ

သည်မှာအချစ်
စကားလုံးနဲ့တည်ဆောက်ခဲ့တာမဟုတ်
ဝိဥာဉ်တစ်ခုလုံး ဖြိုးဖြိုးဖျစ်ဖျစ်မည်အောင်
ကျိန်စာဆိုးကို မြိုချပြမယ်………..

မင်းကိုငါချစ်တယ်။

In: ကဗျာ Posted By: Date: Aug 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment