Professional Authors

ငါ့ကောင်းကင်က အလင်းလက်ဆုံး တစ်လုံးတည်းသောကြယ် ငါ့လက်နဲ့ ငါကိုယ်တိုင်ခြွေခဲ့တယ်…..

ငါ အစက စလို့ ရရင်
အရာရာကို နောက်လှည့်
ခြေလှမ်းတွေ ပြန်ရုတ်သိမ်းချင်ရဲ့ …..

မချစ်ခဲ့ရင် ကောင်းသား
မမုန်းဘဲ ဝေးကြရတော့
မှားခဲ့တဲ့ ငါဟာ
အပြစ်မရှိတဲ့ နင့်အစား
အသဲခိုက်အောင် နာရတယ်…

ပေးတဲ့ကတိတွေ မတည်နိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလဲ
စိတ်နာတယ်
ဝေဒနာတွေ ဝေဒနာတွေ
ကြေညာမောင်းခတ်လိုက်တော့
ငါ့ အသဲ ဟာ ဗြောင်တလင်းကြီးဖြစ်လို့ 
မစာနာ နိုင်တာ မဟုတ်ဘူး
မစာနာချင်တော့တာ …..

လောကလမ်းကြမ်းမှာ..ငါဟာ
အမှန်တရားကို မောင်းတီးပြီးရှာ
အဖြေက…..
အမှန်တရားဟာ ဘယ်တော့မှ
မတရားခဲ့ဘူး…

လသာတဲ့ညတွေလဲ
အားကုန် မှောင်မိုက်လို့ 
ဒီညရဲ့ လေပြေလေညင်းလဲ
ငါ့ရင်ကို မအေးစေနိုင်ဘူး
ဘယ်သောအခါမှ ပြင်လို့ မရတဲ့ အမှား
ငါ မကျူးလွန်ခဲ့ဖူးသော အမှား
တစ်ဘ၀မှာ တစ်ခါသာ မှားခဲ့မိတယ်
အဲဒီအမှားကပဲ င့ါအနောက်မှာ အရိပ်ဆိုးအဖြစ်
ခြောက်လှန့် နေခဲ့……

မငိုနဲ့ ……ငါလိုလူအတွက် မငိုနဲ့ 
ငါ့အတွက် မျက်ရည်ကျမဲ့အစား
ငါ့ကို သနားစရာသတ္တ၀ါ အဖြစ်ရှုမြင်
ငါ မမြင်နိုင်တဲ့ ထောင့်တစ်နေရာကနေ
ဟားတိုက်သာ ရယ်ပစ်လိုက်ပါ…

နှလုံးသားရဲ့ ဗဟိုမှာတော့
ဝေဒနာတွေ စုတည်
နာကျင်မှုတွေ စွန်းထင်းလို့ 
ငါ ဖြေမဆည်နိုင်တော့ဘူး…
ကျိန်စာရယ်ပြေပါလို့ တော့
ငါမတောင်းဆိုဘူး
ဒီ ကျိန်စာတွေ
ငါကိုယ်တိုင် တိုက်စေခဲ့တာလေ……

အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်
မင်းနဲ့ ငါ ဝေးခဲ့ရတယ်
မင်းဆန္ဒ တစ်စုံတစ်ရာမှ မပါဘဲ
ကျောခိုင်းခဲ့တဲ့ ငါ
အများအမြင်မှာတော့ သွေးအေးတဲ့ ရက်စက်ကောင်ပေါ့
တကယ်တော့ ငါ….
ကျောခိုင်းသွားခဲ့ရခြင်း အဖြစ်မှာ
ဝမ်းနည်းခြင်းများနဲ့ 
ပါးပြင်မှာ နွေးခနဲ …
လှိုက်မောစွာ ငါနောက်ပြန် လှည့် မကြည့်ရဲခဲ့သူပါ…..

ရေးနေကျ ဒိုင်ယာရီလဲ ချိတ်ပိတ်လို့ 
ငါ့နှလုံးသားမှာလဲ မင်းနာမည်ကို အပြီးပိုင်စွန့် လွတ်ခဲ့တယ်
မုန်းလို့ မဟုတ်ခဲ့ပေမဲ့…မင်း ငါ့ကို စိတ်နာသွားပါစေ…
ဒါပေမဲ့ အဲဒီနေ့ ကစလို့ 
ငါ့ ကောင်းကင်ပြာ မဲမှောင်သွားတာ အခုထိပဲ
အကြင်နာကြီးသော အမုန်း မိုးတွေ
ဖြိုင်ဖြိုင်ရွာ…မစာနာနိုင်ခဲ့သော
ငါ့ရင်ထဲသို့ ………ကျရောက်လာပါစေ….

တစ်စွန်းတစ်စ သံသယ များနဲ့ 
“နင် ငါ့ကို ဘာလို့ လမ်းခွဲခဲ့တာလဲ”လို့ နင်အမေး
ငါ့နှုတ်က ဆွံ့ အ ဘာစကားမှလဲ ထွက်မလာခဲ့ဘူး
ကျေးဇူးပြုပြီး ငါမဖြေ ပါရစေနဲ့ လား….
ရင်ထဲမှာ ချိနဲ့ လွန်းလို့ ပါ….
နင်တစ်ခုသိထားရမှာက…
ငါ နင်မသိအောင် တိတ်တခိုး အသဲကွဲခဲ့ခြင်းပဲ
ငါ ပျော်နေခဲ့တာ မဟုတ်ဘူး….
ဟန်ဆောင်ပြုံးလို့  ပိတ်ကားရဲ့ နောက်မှာ
ငိုနေခဲ့တာ…သိရဲ့ လား
ငိုနေခဲ့တာ…..

ဒီကဗျာရေးပြီး နင့်ကို လွမ်းနေခဲ့တာ မဟုတ်ဘူး…
အပြီးတိုင် မေ့နိုင်ဖို့ ကြိုးစားနေတာ…
ဒါပေမဲ့ ဟာ…(ငါ)
မအောင်မြင်ခဲ့ပါဘူး….
ဝေဒနာ တစ်ချို့ ထိရှ
အရင်နေ့ တွေ တွေးမိတိုင်း
ကြည်နူးမိပါသေးတယ်…..
တိမ်ပြာတွေ သည်းတဲ့နေ့ က
ဘောင်ပေါ်မှာ ထိုင်ခဲ့ဖူးတဲ ခုံလေးလဲ
ငါ တွေ့ မိတိုင်း …(ငါ)
မေ့မရနိုင်ဘူး…..

နင် အနာဂတ်မှာ ပျံပါ…
မုန်တိုင်းတွေ ထန်တဲ့ အတိတ်
ယောင်လို့ တောင် လှည့်မ၀င်ပါနဲ့ …
ငါကတော့…ငါမသိသေးတဲ့ အနာဂါတ် ကိုမေ့ ထား
ဝေဒနာတွေ ကုစားဖို့ 
အတိတ်တွေမှာ နေ နေရတုန်းပဲ…

ငါ က နင့်ကို ထီးတစ်လက်လောက်တောင်
မိုး မပေးနိုင်ခဲ့သူလေ…
နှစ်ခါနာတဲ့ ဒဏ်ရာဟာ
ခံရ ပိုခက်ပါတယ်….
နင် ချုပ်ရိုးဟောင်းကို မဖြည်ချင်ပါနဲ့ ….
ဆက်ထုံးနဲ့ ကြိုးဟာ ဘယ်တော့မှ
ပြန် ခိုင်လာမှာ မဟုတ်ဘူး…..

အဲဒီတုန်းက…အဲဒီတုန်းကပေါ့
ငိုသံတွေ မြည်ဟီးလှိုက်မော
ငါ့ အသဲလဲ တစ်စတစ်စ ကြွေကျခဲ့တယ်
ဝင်လေထွက်လေ စိတ်တည်ငြိမ်အောင်
ငါ မရှုရှိုက်နိုင်ခဲ့ဘူး….
ဆောက်တည်ရာမဲ့ စိတ်အစဉ်တွေလဲ
အရင်နေ့ တွေထဲ ၀င်လိုက်ထွက်လိုက်ပါပဲ….

နာရီလက်တံတွေ အရွေ့ 
တစ်နေ့ တစ်နေ့ တွေ ကုန်ခမ်းလာချိန်မှာတော့
မင်း..ငါ့ကိုမေ့ မှာပါ..
မထင်မှတ်ဘဲ လမ်းမှာ အတွေ့ 
မင်း ငါ့ကို ပြုံးပြဖို့ တောင် မတွေးပါနဲ့ …
မင်းအပြုံးနဲ့ ငါဟာ မတန်လွန်းသူမို့ ပါ….

တကယ်တော့…ငါဟာ မှားခဲ့တာ
မမီသော ပန်းကို တုံးခု လှမ်းခဲ့လို့ 
မသိနိုင်သော အမြင့်က ပြုတ်ကျခဲ့ရပြီ…
အသဲမှာ ဒဏ်ရာ …
အတွင်းထိ နက်ခဲ့ပြီ…

သုံးနေကျ သီအိုရီ မဟုတ်တော့
ငါလျှောက်နေရတဲ့ လမ်းဟာ
ကန္တာပြင်ကြီးမှာလိုပဲ
အရိပ်မရှိ အခိုမရှိ
မင်း မြင်ရင် ဟားတိုက်လို့ ရယ်မိမှာ သေချာတယ်..
ပျော်ပါစေ ..နင် ပျော်ပါစေ….
အလုံးစုံကို မသိတတ်ခဲ့သောငါ…
နင့်အတွက် အဆိပ်တစ်ခွက်ဖြစ်ခဲ့ဖူးပြီပဲ….

လက်ဖမိုးနဲ့ လက်ဖ၀ါးလို
နီးလျက်နဲ့ ဝေးခဲ့ကြသော ငါတို့ အတွက်
သီအိုရီ တစ်ခု ပေးသနားပါ…

အို …အာဒမ် ..
မင်း ဧ၀ ကို ဘာ သတ်မှတ်ချက်နဲ့ 
အဆုံးစွန်ထိ ချစ်ခဲ့ပါသလဲ…
အရိုးသားဆုံးပြောရရင်
ခင်ဗျားကို အရမ်းလေးစားတယ်….
ခင်ဗျားက ပန်းသီးတစ်လုံးနဲ့ အချစ်ကို သက်သေထူခဲ့သလောက်
ငါ ကတော့ ချစ်သူအတွက် အဆိပ် အတောက်ဖြစ်ခဲ့ရသူ…

ရှိပါစေ..
ငါ အစက စလို့ ရရင်
အရာရာကို နောက်လှည့်
ခြေလှမ်းတွေ ပြန်ရုတ်သိမ်းချင်ရဲ့ …..

In: ကဗျာ Posted By: Date: Aug 6, 2010
Comment #1

ရက်ရက်စက်စက်မိုက်တယ်ဗျာ။ အရောင်မရှိဘူး။ တအားကြိုက်တယ်။

commentinfo By: NMT at Aug 7, 2010
Comment #2

ကဗျာကအရမ်းမိုက်တယ်….ကြိုက်သွားပြီနော်….ကဗျာကိုပြောတာပါ….

commentinfo By: Phyu Lay at Aug 7, 2010
Comment #3

အာဒမ်က ဘာလို့ ဧ၀ကို အဆုံးစွန် ချစ်ခဲ့လဲဆိုတော့ အဲဒီတုန်းက မိန်းမ တစ်ယောက်ပဲ ရှိသေးလို့လေ.. 😛

commentinfo By: Red at Aug 7, 2010
Comment #4

မိုက်တယ်ကဗျာက အ၇မ်းကိုခိုက်သွားတယ်

commentinfo By: vacuum at Aug 7, 2010
Comment #5

ရှိပါစေ..
ငါ အစက စလို့ ရရင်
အရာရာကို နောက်လှည့်
ခြေလှမ်းတွေ ပြန်ရုတ်သိမ်းချင်ရဲ့ …..
အရမ်းကြိုက်ပါတယ်

commentinfo By: angel at Aug 7, 2010
Comment #6

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ……

commentinfo By: လမင်းဇော် at Aug 7, 2010
Comment #7

ဒီကဗျာရေးတဲ့ ခင်ဗျားကို ကျွန်တော်ပိုပြိးကျေးဇူးတင်တယ်။ ထပ်ရေးပါဦး။

commentinfo By: NMT at Aug 8, 2010
Comment #8

သူငယ်ချင်း ကဗျာ ဆိုပေမဲ့ မင်းရင်ထဲက ခံစားချက်ကို ငါနားလည်ပါတယ်..မင်းခံစားချက်တွေ အရမ်းမိုက်တယ်..

commentinfo By: လင်းဆက် at Aug 10, 2010
Comment #9

ငိုမိပါတယ်။ ဘာလို့များ တထပ်တည်းတွေတူနေ၇တာလဲ?

commentinfo By: pannei at Aug 14, 2010
Comment #10

အံ့သြစရာ တိုက်ဆိုင်မှုလို့ ထင်ပါတယ် ပန်းအိ

commentinfo By: လမင်းဇော် at Aug 14, 2010
Comment #11

ဘယ်အပိုဒ်ကိုအကောင်းဆုံးလို့ပြောရမှန်းမသိအောင်ကိုကောင်းတာ

commentinfo By: နော်ဧရာဝတီ at Aug 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment