လူ့ဘ၀..ဓမ္မတာ
မြင်တွေ့ရသမျှ လူ့လောက၀ယ်
သဘာဝ ဓမ္မ ဘယ်ဟာမှလည်း
အစဉ်ထာဝရ မတည်မြဲပေ။
အလှဥစ္စာ စည်းစိမ်ဓန
ပေါကြွယ်ဝလည်း ငါ့၌ရှိသည် ၊
ငါမှငါဟု ဂုဏ်မပြုပါနှင့်
နောက်ဆုံးမှာတော့ သင်္ခါရ ။
အလှဟူသမျှ ရှိသော်ငြား ၊
ဥစ္စာဓန ရှိသော်ငြားလည်း၊
ပညာဓန ရှိသော်ငြားလည်း၊
မာန်ဝင့်ကာလေ ဟန်မပြနဲ့ ။
လောကအစဉ် အရာရာတွင်
ဖြစ်လာသမျှ ဘယ်ဟာမှလည်း
မတည်မြဲပါလေ။
ရခဲလှသောလူ့ဘ၀ ဘယ်အရာမဆို
သင်္ခါရဟု တွေးတောဆင်ခြင်
ရှုမြင်သုံးသပ် ကျက်မှတ်မှသာ
လူ့ဓမ္မဟာသည် မတည်မြဲမှန်း
သိနိုင်ဧ။် ။
Comment #2
right
right
right
By: ei lay at Jan 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မှန်တယ်ဗျာ ကျွန်တော်လည်း မသေခင်ဘယ်အရာမှမတည်မြဲဘူးဆိုတာ သိသွားလို့ သတိပေးသူအားလုံးကို ကျေးဇူးတင်မိတယ် ကဗျာဆရာကိုလည်း ဒီကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် ။