မာယာတဲ့လား….
ငါ့အတ္တ ငါ့မာနတွေကို
ခ၀ါချလို့
ရင်ခွင်ထက်မှာ ကဗျာရေးထိုးခဲ့တယ်
မင်းအတွက်ပေါ့
ကဗျာဆန်တဲ့မင်းပုံရိပ်
လှပတဲ့မင်းမျက်ဝန်း
ညှို့အားပြင်းတဲ့မင်းနှုတ်ခမ်းတွေမှာ
ငါ့ရဲ့နှလုံးသား
ဒူးထောက်လို့
အချစ်တွေကိုစတေးခဲ့တယ်
မင်းအတွက်ပဲပေါ့
ဒါတွေကိုသိရက်နဲ့
ခုတော့
မင်းက
ငါ့ယုံကြည်ချက်
ငါ့မျှော်လင့်ချက်တွေနဲ့
ငါ့ရဲ့မနက်ဖန်တွေကို
ရက်စက်နင်းခြေ
အပျင်းပြေလို့သတ်မှတ်ပြီး
ရင်ခုန်သံဖျားသွားရအောင်
လှညှ်ုစားသွားတဲ့ပညာ
ဘာလို့ခေါ်လဲငါမသိပါဘူး
ငါ့ဘ၀ထဲကိုအပြုံးလေးနဲ့ဝင်လာပြီး
ငါ့ရင်ကိုခွဲထွက်သွားခဲ့ပြီ
ငါ့ရင်ခုန်သံတွေမရပ်တန့်သေးခင်
နောက်ဆုံးမြင်ကွင်းလေးတစ်ခု
အလို…….
သူမရဲ့လက်တစ်ဖက်မှာ
အပြုံးမျက်နှာဖုံးနဲ့
နောက်တစ်ဖက်ကတော့
ဓါးတစ်လက်ကိုကိုင်ဆောင်လို့
ထွက်သွားပါရောလား……………….။
Comment #2
အားပေးသွားပါတယ်ဗျာ……

Comment #3
rrrrrrrrr
kwat ti be,
heart hti twar p,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူမရဲ့လက်တစ်ဖက်မှာ
အပြုံးမျက်နှာဖုံးနဲ့
နောက်တစ်ဖက်ကတော့
ဓါးတစ်လက်ကိုကိုင်ဆောင်လို့