အချစ်ဦးသို့
နာရီခြေလှမ်း
အချိန်မှန် Run လို့
ပျောက်ဆုံးမသွားသော
မင်းအပြုံးများ
ယနေ့တိုင်မှတ်မိတယ်။
အချစ်ဦးအချစ်ဆုံး
မမေ့ရက်သည်မှာ
ကိုယ်စီရှိစမြဲ
အကြောင်းတရားအစွဲတွေကြောင့်
သတိရလိုက်တယ်
အချစ်ဦးရယ်။
စာမျက်နှာ ၁၅တလျှောက်
ဘယ်ဆီကိုမင်းရောက်နေသလို
တစ်ခါတစ်လေမှာတော့လဲ
လွမ်းမိပါတယ်လေ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,,
ko ka dot ta khar ta lay hote bu.
daily miss.
forever miss.