ဒိုင်ယာရီ သို့ ဒဏ္ဍာရီ….။
အချစ်တစ်ခုမွေးဖွားပြီးစ အချိန်လေးခဏ
ပျော်စရာလေးများသာ ခံစားချင်ခဲ့သည်…။
ကို့ကြောင့်သူငိုခဲ့ဖူးသည်….။
ကို့ကြောင့် သူခံစားခဲ့ရဘူးသည်…။
သူငိုသံလေးသည် အားနည်းချက်တစ်ခု…။
သူ့ရိုက်သံလေးသည် ၀မ်းနည်းခြင်းတစ်ခု….။
စိုခွင့်ရှိသူ သူ့ပါးပြင်ထက်၌
လိုက်လျောမူ့ပေါင်းများစွာ ပေါက်ဖွားနိုင်ခဲ့သည်…။
အဆုံးစွန်ရောက်ခဲ့ထိတိုင် အသက်တစ်ဝက်
သူ့အတွက် အသက်ဆက်ရှင်နိုင်ခဲ့သည်…။
ထားခဲ့သူနှင့် နေခဲ့သူ
ဘယ်သူပိုခံစားရနိုင်သနည်း…။
ဟန်နီရေ….။
ရင်ထဲ ရှိသမျှပြောရရင် ကဗျာတွေပဲဖြစ်တော့မည်…။
ခဏလောက် ပစ်ထားခံခဲ့ရခြင်းကို ရရှိခဲ့ရလျှင်
ကျွန်တော်ဟာ နေခဲ့သူပါပဲ….။
အပျော်နောက်ပြောင်းခြင်းအဖြစ်လဲ အရည်ခွံလဲနိုင်သလို
တကယ်အဖြစ်အပျက်အနေနဲ့လဲ ကဗ္ဗည်းထားခဲ့နိုင်ပါသည်…။
သူမ မရှိတဲ့ အရပ်သည် အနာဂတ်မရှိခဲ့….။
သူမ မရှိတဲ့ နေရာသည် နွေရာသီ….။
သူမ မရှိတဲ့ အချိန်သည် ငရဲပြည်…။
သူမအသံ မကြားရသော အခါတိုင်းသည်
နားကန်းနေသောသူ သည် ကျွန်တော်ဖြစ်သည်…။
အခု ငိုနေရသူသည် ကျွန်တော်ဖြစ်သည်…။
သူမ ငိုနေပုံသည် ကျွန်တော့အတွက်
အလှပဆုံးပန်းချီ မဖြစ်ခဲ့…။
ကျွန်တော်သည် ချောက်နက်နက်ထဲကို
စိတ်ပါပါဖြင့် ခုန်ဆင်းနေသူ…။
အမိုးမပါတဲ့ အိမ်ခေါင်မိုးကို
အလှဆင်နေသူ…။
အပြာရောင်ရေးခြယ်ထားသောနံရံ ကို
အပြာရောင်ဖြင့်ရေးခြယ်နေသူ…။
ရေပြင်မှာ ကဗျာတစ်ပုဒ် ရေးသူ…။
အဆုံးစွန်၌ တည်သော သစ္စာတရားအား
အစောင့်တာဝန်အဖြစ် ထန်းဆောင်သူ…။
အမုန်းတိုင်းပြည်နှင့် စစ်ခင်းနေသူ…။
တကယ်တော့…. ကျွန်တော်သည်
သူမ ပါးပြင်ထက်က မျက်ရည်လှလှလေး ပင်ဖြစ်တော့သည်…။