တိတ်တခိုးစာမျက်နှာ
ရွှေဝါရောင် မနက်ခင်းတွေ
အရောင်လဲ့လဲ့ပဲ ဖြာနိုင်တော့တယ်
ငါက အမှောင်ကို အရောင်ခြယ်ရမှာ ကြောက်တယ်…..
ရာသီစက်ဝန်းတွေ
သာယာမယောင်နဲ့ 
ငါ့
ရင်ထဲ မိုးဝင်သည်းတယ်
တကယ်ဆို နင် မလာခင်ကတည်းက
အချက်တော့ပြသင့်တယ်………
ကျိုးလွယ် ပဲ့လွယ်နဲ့ 
စိတ်အစဉ်ကလဲ ဘောင်မ၀င်တော့ဘူး
ငါ လမင်းကို ငေးရင်တောင်
နင့်အရိပ်ကပေါ်လာတတ်တယ်
သွေးရဲသူငါ နှလုံးသားက နုခဲ့ပြီလား…..
ကြည်လဲ့သော မျက်ဝန်းပိုင်ရှင်
ကဗျာဆရာအဖြစ် ငါ့ကို ပညတ် ထားခဲ့သည်
အလွမ်းမိုင်တွေ ငါ ကလောင်စိုက်ခဲ့ရပြီ
ငါ့အသိတွေတောင် စုတ်ချက်အောက်မှာ ပျောက်လို့ 
တစ်ညစာ သေဆုံးခဲ့ပြီ…….
နင် နဲ့ ဝေးသော နာရီများ
ငါ တစ်သက်စာ မုန်းတီးမိတယ်
လွမ်းနေတဲ့ ဒီ အချိန်တွေ
ငါ ကမ္ဘာ့ အပြင်ဘက် ပြေးထွက်လိုက်ချင်တယ်
ဒီလို အင်အားမျိုး နင် ဘယ်လိုများပေးစွမ်းခဲ့သလဲ……..
ပင့်သက်တွေ အခါခါ ရှိုက်
ရင်တွေလဲ အကြိမ်ကြိမ်မောတယ်
လောကမှာ တိတ်တခိုးအချစ်လောက်ဆိုးတာ
ဘာများရှိမလဲ သခင်ရယ်…
ငါ မျှော်လင့်ခြင်းနဲ့ 
ငါ မျှော်လင့်ရင်း နဲ့ 
ငါ ကြင်နာရင်းနဲ့ 
မျက်လုံးလေး အသာမှိတ်
သခင် သိပါစေ
ဆုတောင်းမိပါတော့တယ်၊၊ ၊၊
Comment #2
တစ်ခုလောက်အကြံပေးချင်ပါတယ်။ စာပိုဒ်ကို စပေ့တွေအများကြီးခြားထားတော့ ဖတ်ရတာဖီးပျက်တယ်…
Comment #4
so nice,
so sooooooooooooo niceeeeeeeeeeeeeeee
Comment #1
အရမ်းကောင်းတယ်