၂၂နှစ်မြောက် သင်ခန်းစာ
၂၂နှစ်မြောက် သင်ခန်းစာ
ငါ့အသက် တစ်နှစ်ကြီးခဲ့ပြီ
ရှင်သန်ဖို့အချိန် တစ်နှစ်လျော့ခဲ့ပြီ
အကြိမ်ကြိမ်အခါခါလဲ
ကြေကွဲဖူးပြီ
ဝမ်းနည်းဖူးပြီ
ပြိုလဲဖူးပြီ
နာကျည်းတတ်ခဲ့ဖူးပါပြီ။
စုန်ဆန် အလှည့်လှည့်
နိမ့်မြင့်အခါခါ လောကဓံတရား
သေစေလောက်တဲ့ ထိုးနှက်ချက်များ
ခါးသက်ဖွယ် မြင်ကွင်းအစုံစုံမှ
ရှိစုမဲ့စုအင်အားလေးနဲ့
ရုန်းကန် လွတ်မြောက်အောင်
ကြိုးစားခဲ့ပြီ။
ဘ၀အကြောင်း မကောင်းခဲ့သော်လည်း
ဒီဘ၀ ဒီခန္ဓာကို
တန်ဖိုးရှိစွာ အသုံးချတတ်အောင်
အကျိုးပေးကောင်းတဲ့ဘ၀အဖြစ်
ဖန်တီး ပုံဖော်သွားပါတော့မည်။
ရွှေညီမလေး
(၃ရက်၊ ဂလ၊ ၂၀၁၀ခုနှစ်တွင်ကျရောက်သော ၂၂ နှစ်ပြည့်မွေးနေ့အမှတ်တရ)
Comment #2
အကြိမ်ကြိမ်အခါခါလဲ
ကြေကွဲဖူးပြီ
ဝမ်းနည်းဖူးပြီ
ပြိုလဲဖူးပြီ
နာကျည်းတတ်ခဲ့ဖူးပါပြီ။
အဟတ်ဟတ်ဟတ်………………….၊ ဟုတ်လား………….(ဟုတ်ဒယ်…….။ )

Comment #3
အားပေးတယ်။ကောင်းတယ်ဗျာ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်ဆိုဘဲ