ကိုယ့်ရင်ခုန်သံ… မင်းအချစ်
မိုးလင်းတာနဲ့
မင်းအကြောင်းခေါင်းထဲရောက်တယ်
တို့နှစ်ယောက်အကြောင်းတွေးလို့
နေ့သစ်ကိုစမယ်
မင်းလက်ကိုတွဲလို့
အရာရာကို ရင်ဆိုင်မယ်
မင်းနဲ့တွေ့ဖို့
ရင်ခုန်စွာစောင့်တယ်
မင်းကိုတွေ့ရင်
နေဆယ်စင်း လဆယ်စင်း
လင်းလက်လို့
လှပလိုက်တာ လောကကြီးက..
အကြင်နာပါလွန်းတဲ့ မင်းစကားတွေ
နှလုံးသားကို ရိုက်ခတ်
ဒီရင်ကို လန်းဆန်း
မင်းအပြုံးတွေ လှပလွန်းတယ်
သီချင်းတွေဆိုလို့
အပြုံးပွင့်လေးတွေ
မင်းခိုးယူတယ်
အတူနေကြမယ့် ကာလကိုမျှော်
ကိုယ်ရင်ခုန်တယ်
university တူတူသွားလို့
မင်းနဲ့ မခွဲတမ်းရှိမယ်
အော်…
အနာဂတ်တွေ လှပလွန်းတယ်…
h3mlock
6th July 2009
Comment #6
ကြိုက်လို့ကူးလိုက်တယ်နော်……….

Comment #7
wow,,,,,,,,
ha,,ha,,
mike de kwar….

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါ့ .. ကောင်းပါ့ .. ဇွတ် .. သူနဲ့သာဆို အကုန်လုပ်မယ်ဆိုတာကြီး