ကမ်းနားသစ်ပင်
ငါ့ကိုလွမ်းလို့ နင်ကောင်းကင်က
ကြယ်တွေကို မော့မကြည့်ပါနဲ့။
တို့နှစ်ယောက် အတူကြည့်ခဲ့တဲ့
ကြယ်တွေမှ မဟုတ်တာ။
လေဒဏ်မိုးဒဏ် မခံရခင်မှာပဲ
တို့နှစ်ယောက်ရဲ့ မျှော်လင့်ချက်ငှက်ငယ်
သေရရှာတယ်။
ငါ့ကိုသတိရလို့ငါ့ဖုန်းကို
နင်မဆက်ပါနဲ့။
တို့နှစ်ယောက်အတူရှိစဉ်က
စိတ်မျိုးမှမဟုတ်တာ။
ဒီရေတက်ကျ၊ကမ်းနားသစ်ပင်
ဆွဲငင်လမင်း၊ဒီညခင်းမှာ
စကားသံတွေလည်းတိတ်ခဲ့ပြီကွယ်။
Comment #3
ငါ့ကိုသတိရလို့ငါ့ဖုန်းကို
နင်မဆက်ပါနဲ့။
တို့နှစ်ယောက်အတူရှိစဉ်က
စိတ်မျိုးမှမဟုတ်တာ။
ကဗျာလေးက ကောင်းပါတယ်။အားပေးသွားတယ်နော်။
By: မိုးကြိုး at Sep 23, 2011
Comment #4
Good
By: Mike@unG at Sep 23, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a yan lain tel