လက်ကမ်းကြော်ငြာ
“ လက်ကမ်းကြော်ငြာ ”
သူမလေးကတော့
“မကြာမီ လာမည်”လို့ ပြောမသွားဘူး
ဒါပေမဲ့
ကျွန်တော်က “ မျှော် ” နေမိတယ်
“ ပြီးပါပြီ ”လို့ စာတမ်း မထိုးမချင်း
“ ဆက်ရန်” ရှိသေးသည်လို့
ယုံကြည်ထားပါရစေ
စာမျက်နှာ ဆုံးတော့
ကိုယ့်ကဗျာထဲတင် ကိုယ် အသည်းကွဲ
ကျွန်တော် ….
မျက်ရည်များတောင် ဝဲ လို့
ချီရွန် ( ပုလဲ )
Comment #2
ကောင်းလိုက်တဲ့ လက်ကမ်းကြော်ငြာ 🙂
By: lunar at Aug 13, 2010
Comment #3
စာမျက်နှာ ဆုံးတော့
ကိုယ့်ကဗျာထဲတင် ကိုယ် အသည်းကွဲ
ကျွန်တော် ….
မျက်ရည်များတောင် ဝဲ လို့
By: emayar at Aug 13, 2010
Comment #5
:'(
:'(
:'(
By: ei lay at Nov 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူမလေးကတော့
“မကြာမီ လာမည်”လို့ ပြောမသွားဘူး
ဒါပေမဲ့
ကျွန်တော်က “ မျှော် ” နေမိတယ်
“ ပြီးပါပြီ ”လို့ စာတမ်း မထိုးမချင်း
“ ဆက်ရန်” ရှိသေးသည်လို့
ယုံကြည်ထားပါရစေ..
(: သဘောကျတယ်.. တကယ်.. (: