ဝိရောဓိ လက်ဖက်ရည်
ဝိရောဓိ လက်ဖက်ရည်
သူငယ်ချင်းတွေက
ရန်သူလို တိုက်ခိုက်ကြပြီး
ရန်သူတွေက
သူငယ်ချင်းလို ဖေးမကြတယ်
ကိုယ့်လက်တွေကို ဖြန့်ကြည့်တော့လည်း
ကောင်းကင်တဝက် မြေကြီးတဝက်
ရင်ချင်းကပ်ထားပေမဲ့
နှစ်ဖက်သွား ဓားတွေ လွယ်ထားခဲ့ကြ
ရသ က ဖန်ချိုဆန်တယ်
သူငယ်ချင်းတွေက
ပစ်စာတွေ ကမ်းပေးကြပြီး
ရန်သူတွေက
တရားဝင် ဖိတ်စာကမ်းတယ်
ကိုယ်ကတော့ ဘယ်လမ်းကို သွားဖို့
ညာလမ်းကို ရွေးချယ်နေမိ
ကျောချင်းကပ်ထားပေမဲ့
လမ်းတွေက စက်ဝိုင်းတွေဖြစ်
မညစ်ခင်ထိတော့ အားလုံးက အဖြူတွေပါပဲ။
ချီရွန် ( ပုလဲ )
Comment #3
တခါကောင်းလို့ တသက်လုံးကောင်းမယ်
တခါဆိုးလို့ တသက်လုံးဆိုးမယ် မတွက်တော့ပါဘူး
၇န်သူ မိတ်ဆွေ ခေါင်းစဉ်တွေအောက်လည်း သွင်းတော့ ပါဘူး
ကောင်းလိုက်ဆိုးလိုက်နဲ့ .. ကိုလည်း ပြူံးနိုင်၇င်ပြုံးပီး မပြုံးနိုင်ချိန် ပုန်းနေလိုက်တော့ တယ်…သူ ဒါးနဲ့ ထိုးလို့ ကို သေတာလား ကို့ မှာ ဒါးထိုးခံ၇ပြီးသေ၇မယ့် ကံပါတာလားလဲ စိတ်မှာ ဇဝေဇ၀ါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိတ်ဆွေလို့ တရားဝင် သတ်မှတ်ပြီး
စက္ကန့်မလပ် သတိအနေအထားနေရတာထက်တော့
ရန်သူမဟုတ်တောင် သူစိမ်းဖြစ်သွားတာက
နည်းနည်းဖြေသာဦးမယ်ထင်တယ်…။
တစ်ချို့မိတ်ဆွေတွေက သတ်မှတ်လိုက်ရတာ တော်တော်မောတယ်…
တစ်ချို့ရန်သူတွေက အမောတွေကို အရည်ပျော်စေသွားတယ်..
ဝိရောဓိ လက်ဖက်ရည်တွေကို နှစ်နှစ်ချိုက်ချိုက် သောက်သုံးနိုင်အောင် ကြိုးစားရဦးမယ်
ဘ၀မှာလေ..။