ခုထိ………
သိပ်ခက်ခဲလွန်းနေတော့ အလွမ်းက အလွမ်းနဲ့ မတူတော့..
အနမ်းက အနမ်းနဲ့ မတူတော့..
သတိရခြင်းတွေကလည်း ရန်ကုန်က ကြွပ်ကြွပ်အိပ်တွေလိုပဲ ပေါလိုက်တာ..
သောက်ဖူးခဲ့သမျှ ဆေးလိပ်နဲ့ အရက်တွေတောင်
ငါ့ကို နင့်လောက် ဒုက္ခမပေးခဲ့ဘူး……..
ဒီလိုသာဆို နင့်အငွေ့အသက်တွေ အကုန်လုံး
စီးကရက်ငွေ့တွေနဲ့ မျောသွားရင် အကောင်းသား……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service