မလွမ်းရဲသေး – နရီထက်
ငါ့မြေကို ကျောခိုင်းစ
နင်းစခါ သူတို့မြေ
အရိုးတွေ ဆွေးလောက်ပြီထင့်
တောရိုင်းလူတွေကြား
သူတို့က ယဉ်ကျေးမှုမြင့်နေပြီးရဲ့
အာကျယ်အောင် ပြောလိုက်တယ်
ခေတ်မီရဲ့သေး
ငါ့ ချွေးတွေ သွေးထွက်လောက်ရဲ့
ငါ့လက်ခြေတွေ ပဲ့ကိုင်ကျလောက်ရဲ့
ငါ့စိတ်တွေ မှိုင်းဝင်နေလောက်ရဲ့
အချိန် အချိန်ဆိုတဲ့ နာရီသူခိုးတွေကြား
သူတို့က တိုးတက်နေတဲ့နိုင်ငံတဲ့
ငါ့ လုပ်အားကို ခိုးယူကာ
ငါ့ကိုလည်း ကျွန်ပြုခဲ့သေး
ငါ့ကတော့ စက်ရုပ်တစ်ရုပ်လား
သေချာတာကတော့ သူတို့ဖန်တီးထားတဲ့
နည်းပညာ အရုတ်အစုပ်မဟုတ်တာတော့
ငါပါဘဲ. . .
လွမ်းတယ် ဆွေးတယ် ဘယ်ဆီမှာလဲ
တစ်နေ့ကုန်အောင် နေတွေလတွေ အပြိုင်ထွက်လည်း
တိမ်ဖြူတွေ တိမ်မည်းတွေ ပြေးလွှားလှုပ်ရှားလည်း
ငါ မမြင်လိုက်ရ
ငါမြင်နေကျ နာရီလက်တံကတော့
တရွေ့တရွေ့ သွားနေကျ
မနေ့က အချိန်တွေလား
ဒီနေ့အချိန်တွေလား
ဦးနှောက်က မှီမယ်မထင်
အဆင့်တန်းမြင့်မြင့် သူတို့
ယဉ်ကျေးမှု လိုက်မီမယ်မထင်
ဆေးကုစရာ ပိုက်ဆံဖိုးလေးတောင်
ငါ့တို့က ရမယ်မထင်
သူတို့က တစ်ကျပ်ကို နှစ်ကျပ်ခွာနေချိန်မို့လို့
ငါ့တို့ကို နောက်ဝေးဝေးမှာ ထားနေကျ ထားပစ်ခဲ့ကြ
ပြောလိုက်အုန်းမယ် ယဉ်ကျေးမှုမြင့်မြင့်နှင့်
တောရိုင်းလူသားတွေက
သည်မှာ သည်မှာ သည်မလေးရှား
အိမ်ကိုလွမ်းတယ်
ငါ့မြေကို လွမ်းတယ် ငါ့နေရပ်ကို လွမ်းတယ်
ဒါပေမဲ့ လွမ်းရက်စရာကြားတွေထဲမှာ
နာကြည်းချက်တွေက မြူမှုန်ကျဲလေတော့
လွမ်းလောက်မယ် မထင် မထင်. . .
နရီထက်
( ၁၄ ၊ သြဂုတ်လ ၊ ၂၀၁၀ )
Comment #2
ငါမြင်နေကျ နာရီလက်တံကတော့
တရွေ့တရွေ့ သွားနေကျ
မနေ့က အချိန်တွေလား
ဒီနေ့အချိန်တွေလား
ဦးနှောက်က မှီမယ်မထင်
Comment #1
အကို.ကဗျာတွေကိုကျွန်တော်အမြဲတမ်းအားပေးနေပါတယ်အကိုဆက်ပြီးကြီုးစားပါဦးဒီလိုကဗျာကောင်းတွေရေးပြီးခံစားချက်တွေဝေဌပေးတဲ.အတွက်ကျေးဇူးတင်မိပါတယ်