အို…….. ဘုရားသခင်
အို…….. ဘုရားသခင်
ပစ်မှတ်မရှိဘဲ မြှားတွေလွှတ်ခဲ့တာမို့
စစ်မရောက်ခင်က မြှားကုန်နေသူပါ
သူ့စိတ်ညစ်ညူးဖို့ မရည်ရွယ်ခဲ့ပေမယ့်
သူငြိုငြင်လာမှာ ကြောင့်ကြနေသူပါ
သူ့အပေါ်မှာ ပြစ်မှားမိတဲ့
ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့
သူခွင့်လွှတ်လည်း မခံယူဝံ့လို့
ကိုယ်ကိုယ်တိုင်ပဲ အပြစ်ဒဏ်ပေးပါရစေ
ပစ်မှတ်မရှိဘဲ မြှားတွေလွှတ်ခဲ့တာမို့
စစ်မရောက်ခင်က မြှားကုန်နေသူပါ
သူ့စိတ်ညစ်ညူးဖို့ မရည်ရွယ်ခဲ့ပေမယ့်
သူငြိုငြင်လာမှာ ကြောင့်ကြနေသူပါ
သူ့အပေါ်မှာ ပြစ်မှားမိတဲ့
ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့
သူခွင့်လွှတ်လည်း မခံယူဝံ့လို့
ကိုယ်ကိုယ်တိုင်ပဲ အပြစ်ဒဏ်ပေးပါရစေ
အို…….. ဘုရားသခင်
အကျွန်ုပ်ခန္ဓာ မြေမှုန့်မဖြစ်မီ
သူလုပ်သမျှတွေ မမြင်စေဖို့
“မျက်မမြင်” ပဲ ဖြစ်ပါရစေ
သူပြောသမျှတွေ မကြားစေဖို့
“နားမကြား” ပဲ ဖြစ်ပါရစေ
သူသွားလေရာ မလိုက်စေဖို့
“ဒုက္ခိတ” ပဲ ဖြစ်ပါရစေ
သူတွေးလေရာ မသိစေဖို့
“ဥာဏ်ရည်နိမ့်” ပဲ ဖြစ်ပါရစေ
သူစိတ်ညစ်အောင် မပြောစေဖို့
“ဆွံ့အသူ ပဲ ဖြစ်ပါရစေ
အို………. ဘုရားသခင်
သူချစ်တာထက် ပိုချစ်နိုင်ဖို့
“နှလုံးသားတစ်ခု” တော့ ချန်ခဲ့ပါ
သူတစ်ဖက်ရိုက်ရင် တစ်ဖက်ထပ်ပေးဖို့
“ပါးတစ်စုံ ” တော့ ချန်ခဲ့ပါ
သူ့ရှေ့အလိုကျ ဒူးထောက်နိုင်ဖို့
“ခြေတစ်စုံ” တော့ ချန်ခဲ့ပါ
သူ့ကိုလက်မြှောက် အရှုံးပေးနိုင်ဖို့
“လက်တစ်စုံ” တော့ ချန်ခဲ့ပါ
နောက်ဆုံးအသက် ပေးဆပ်နိုင်ဖို့
“၀ိဥာဉ်တစ်ခု” တော့ ချန်ခဲ့ပါ
Comment #2
Hit directly.
oh my god

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာကောင်းလေးပါ ၊၊ ၊၊