သေဆုံးသွားတဲ့ စကားလုံးများ
စို့ရစ်နေတဲ့ ငါ့မျက်ရည်ကို
မကျမိစေဖို့…….
ငါ့မျက်ဝန်းထဲမှာ
ဒို့နှစ်ယောက်ရဲ့အတိတ်ပုံရိပ်တွေက
နွေးထွေးထိခိုက်စွာနဲ့ အသက်ဝင်နေဆဲလေ။
ပြောခဲ့တဲ့စကား ၁ ခွန်း……
အရင်နေရာ…အရင်အတိုင်း ဖြစ်စေဖို့က မင်းဆန္ဒလို့……..
မင်း မသိတော့တဲ့ ငါ့အရင်နေရာ…..
ငါရင်းနှီးပေမယ့်…စိမ်းသွားခဲ့ပြီ။
ဘယ်သူတွေက သိနိုင်မှာလဲ…..
မနက်ဖြန်တိုင်းဟာ ဘာတွေဖြစ်လာမလဲဆိုတာ….
ဒီလိုပဲ……..
ငါလည်း ကြိုမသိနိုင်တဲ့ မနက်ဖြန်တိုင်းကို ဝတ္တရား ၁ ခုအနေနဲ့ ဖြတ်သန်းနေပြီး…..
ငါရဲ့ဝင်သက်ထွက်သက်တိုင်းမှာ..
ဒို့ ၂ ယောက်ရဲ့ အတိတ်..ဒို့ ၂ ယောက်ရဲ့ အဖြစ်အပျက်.. ဒို့ ၂ ယောက်ရဲ့ ……အတူပေါ့။
မိဘရင်ခွင်မှာ ဆက်လက်အေးချမ်းမှူတွေ ပေးချင်ခဲ့တဲ့မင်း…….
ငါ့အတွက်တော့…….
မင်းဆန္ဒအတိုင်း ရှိနေပေမယ့်
မင်းရဲ့ ပျောက်ဆုံးနေတဲ့ ရင်ခွင်အတွက်..
ငါ………….မင်းအတွက်နဲ့ အသက်မဲ့ဆွံ့အသွားနေသူလေ။
မင်း ဖြစ်စေချင်တဲ့…..
အရင်က ငါ့ပုံစံ…ငါ့အပြုံး….ငါ့ပျော်ရွှင်မှူ….
ပြန်မရတော့ဘူးလေ…ငါဟာ ဆွံ့အသူ ၁ ယောက်ဖြစ်နေပြီ။
နာကျင်မှု့တွေကို ရင်မှာပိုက်ပြီး ငါ့ရဲ့ ကြိုမသိနိုင်တဲ့ မနက်ဖြန်ပေါင်းများစွာနဲ့အတူ…
ခံစားမှုမဲ့နေသူ ငါ့အတွက်…
ကြေကွဲမှုလား…..ဝမ်းနည်းမှုလား….နာကျင်မှုလား…..
သေချာနိုင်တာတော့…. မင်းအတွက် နာကျင်မှူနဲ့အတူ နောင်တတွေပဲ။
မင်း ဆန္ဒတိုင်းကို မင်း အလိုရှိသည့်တိုင်း
အနှိုင်းမဲ့ ဖြည့်ဆည်းပေးချင်သူ ငါပါ……
(၁-၇-၂ဝ၁ဝ)
Comment #2
ကျေးဇူးပါ။ ကိုလမင်းဇော်
Comment #1
မင်း မသိတော့တဲ့ ငါ့အရင်နေရာ…..
ငါရင်းနှီးပေမယ့်…စိမ်းသွားခဲ့ပြီ။
ကဗျာကောင်းလေးပါ
🙂