ညံဖျင်းမှု့
ယိုင်နဲ့နဲ့ တဲအိမ်တစ်ချို့ က
ငါ့ကို ထမ်းထားကြလေရဲ့
အကြည့်တစ်ချို့တောင်
အပြင်လောက ကိုထွက်ပြီးခုန်ပေါက်ကုန်လေပြီ
ငါ့နှလုံးသားက မျောက်လွဲကျော် မှ
မဟုတ်တာ
ဟိုဟိုဒီဒီဘယ် ကူးနိုင်ပါ့မလဲ
ငါးကြော်ကို ပြုံးပြုံးကြီးထိုင်ကြည့်နေမိတဲ့
ကြောင်မိုက် ကငါ ပဲ
အရှုးတစ်ယောက် က ငါ့ကိုကြည့်တယ်
ပြီးတော့ မဲ့ပြုံးတစ်ချို့ ရယ်
သူလည်ပင်းမှာဆွဲထားတယ်
နို့ဆီခွက်တစ်လုံးရယ်ပေးတယ်
ပြီးတော့ သူကမှာတယ်
ဟုတ်တယ် သေသေချာချာမှာတာ
အဲ့ ဒီ ခွက်ကို ကျွန်တော် ဆွဲထားသင့်တာတဲ့
သူ့ သူငယ် ချင်းတွေ ကတော့
လက်ခုပ်တွေဝိုင်းတီးကြတာပေါ့
ကျွန်တော်ပြန်လာတယ်
မျက်နှာမှာတော့ လှောင်ပြောင်ခြင်းတွေ ပေပွနေတုန်းပဲလေ………….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Feel sorry to read