Professional Authors

လပြည့်နေ့ရဲ့ လမိုက်ည (ကာရန်မဲ့ည)

မနေ့ညကငါငိုခဲ့မိပါတယ်
င့ါမျက်ရည်တွေမကျစေဖို့လည်း ကောင်းကင်ကြီးကိုတိုင်တည်ခဲ့ပါတယ်
ဒါပေမယ့်…..ငါ့တိုင်တည်မှုတွေ အရာမရောက်ခဲ့ဘူး
ငါ့သဘော..ငါ့ဆန္ဒအတိုင်းငါ့ကိုဖြစ်ခွင့်မပေးနိုင်ဘူးတဲ့လေ..

ငါရင်ကိုဆုတ်ပြတ်သတ်နေအောင်နင်းခြေသွားတဲ့နင့်ကို
ငါဘာလို့မနာကျည်းနိုင်ရတာလဲ..
ဟန်မဆောင်တတ်တဲ့ငါအတွက်တော့..
ဟန်ဆောင်မှုတွေနှောင်နေတဲ့မုသားဆိုတွေကိုလည်း ရွှံမုန်းလာတယ်..
ဒီလို ဟန်ဆောင်နေမယ့်အစား
နာကျင်စွာနဲ့ပဲ နှုတ်ဆိတ်ဖို့ကိုရွေးချယ်မိခဲ့တယ်..

ငါဘဝရဲ့နေ့ရက်များကို အလွမ်းတွေနဲ့အဖော်ပြုယင်း
အလွမ်းသီချင်းတွေကို ကျူးရင့်ယင်းနဲ့ဖြတ်သန်းနေတာပေါ့.

နင်နဲ့ဝေးအောင်ပြေးလေ..နင့်အနားကိုပဲပြန်ပြန်ရောက်လာမိတဲ့
ငါ့ကိုယ်ငါ..အဆုံးစီရင်လိုက်ချင်မိတယ်..

စိတ်ကူးယဉ်တတ်တဲ့ငါ့အတွက်တော့
နင်ဟာငါ့ရဲ့စိတ်ကူးယဉ်အိမ်မက်ထဲက တစ်ယောက်သောသူပေါ့..

တကယ်တော့..
နင်နဲ့ငါရဲ့ တွေ့ဆုံမှုက သက်တန့်လိုပါပဲ…..
ဘယ်လောက်လှလိုက်တဲ့ရောင်စဉ်တန်းလေးလဲ..
ကြည်နူးရတယ်..ပျော်ရွှင်ရတယ်..အေးချမ်းခဲ့တယ်..
ဒါပေမယ့်လည်း..ခဏတာကလေးပါပဲ..
တကယ်ကို ခဏတာလေးပါပဲ..
သက်တန့်လေးလည်း ပျောက်ကွယ်ခဲ့ရပီပေါ့ကွယ်..
ငါလည်းငိုကြွေးခဲ့ရပီပေါ့…..

ကြယ်တွေစုံတဲ့ညမှာ
ပျက်သုန်းခဲ့ရတဲ့ငါ့အိမ်မက်တွေအတွက်ပေါ့..

(မနှစ်က ဒီဇင်ဘာ လသာတဲ့ညမှာ ထိုင်ရေးမိတာလေးပါ။)

In: ကဗျာ Posted By: Date: Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment