အပြုံးတစ်ပွင့်
အလဲလဲ အပြိုပြို
ရင်ခွင်တွေ ဗြောင်းဆန်
ရင်ခုန်သံက သွေးတွေတိုးလို့ ….
နာရီသံရပ်နေတဲ့ ငါ့ပတ်ဝန်းကျင်မှာ
မင်းရဲ့နာမည်တစ်ခုတည်း ပျံ့လွင့်နေတယ် …
အဆုံးအစမရှိတဲ့ ငါ့အတိတ်ပြီးဆုံးခြင်းကို
အမည်ခံလက်မှတ်တစ်ခုတည်းနဲ့ ငါ့ကိုယ်ငါကောင်းအောင်ပြုပြင်မိတယ်
မင်းလည်းမပြောပြခဲ့ဘူး ..
ငါလည်းမလိုက်နာခဲ့ဘူး …
အလိုလိုသိပြီးတော့ အလိုအလျောက်လုပ်ဖြစ်လိုက်တဲ့
မင်း …. အတွက် ….
ငါ အပြုံးတစ်ပွင့်ဖြစ်ပါစေ ……
(အရိပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service