ရင်ဖြိုမိုး
ငါက မိုးပြေးတွေကိုပဲ
တမ်းတခဲ့တာ …..
လေပြေတွေလိုနူးညံ.
အတ္တတွေကင်းတဲ့
ရိုးသားဖြူစင်တဲ့ အပြုံးတစ်ခုနဲ.ပဲ
နေတတ်ခဲ့တာ…
ဖြူစင်တဲ့ကောင်းကင်တစ်ခုလို.တင်စား
နင့်အချစ်တွေကို
ငါကြိုက်တဲ့ ခပ်ခါးခါးကော်ဖီတစ်ခွက်လိုပဲ
တစ်ဖြေးဖြေးမျိုချခဲ့တာ….
အတ္တ မာန်မာနနဲ.
ရင်းပြီးတိုက်လိုက်တဲ့ လေကြမ်းတွေ
ငါ့ရင်ထဲမှာတော့
ရင်ဖြိုမိုးတွေရွာပေါ့….
စွန်.လွှတ်လိုက်ရတဲ့
အပြုံးတစ်ခုအတွက်
ငါ နောင်တမရချင် တော့ဘူး………..
ငါကြိုက်တဲ့ ခပ်ခါးခါးကော်ဖီတစ်ခွက်လိုပဲ
တစ်ဖြေးဖြေးမျိုချခဲ့တာ….
အတ္တ မာန်မာနနဲ.
ရင်းပြီးတိုက်လိုက်တဲ့ လေကြမ်းတွေ
ငါ့ရင်ထဲမှာတော့
ရင်ဖြိုမိုးတွေရွာပေါ့….
စွန်.လွှတ်လိုက်ရတဲ့
အပြုံးတစ်ခုအတွက်
ငါ နောင်တမရချင် တော့ဘူး………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service