နွေပန်းချီ
အမှတ်တမဲ့ပါပဲ မင်းနဲ့ဆုံတွေ့ခဲ့တဲ့အချိန်က စ ..
ငါ အမှုမဲ့အမှတ်မဲ့နေခဲ့ပေမယ့် ..
အမှတ်တရတွေဖြစ်လာမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး …
အမှတ်တရတွေမဖြစ်စေချင်ရင် အမှတ်တမဲ့တော့မထားခဲ့ပါနဲ့
ရာသီတွေအလီလီပြောင်းပေမယ့် မင်းရဲ့အမှတ်တရနေရာတစ်ခုမှာ
ငါ့မျက်ဝန်းက ခိုဝင်နေမြဲခိုဝင်နေဆဲ ….
အမှတ်တရတွေထဲက အမှတ်တမဲ့နဲ့
မင်းလှည့်ထွက်သွားပေမယ့်
ငါ ….
အမှတ်ရနေတုန်းဆိုတာ ……
(အရိပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ်ဗျာ
အမှတ်တမဲ့နဲ့ အမှတ်တရကြားထဲက
နွေပန်ချီး ကလန်းတယ်ဗျာ