ရင်ကွဲ မင်္ဂလာကိတ်

ချစ်ချင်လို့ အပြစ်မမြင်ခဲ့တာလား
အပြစ်မမြင်လို့ ချစ်ချင်ခဲ့တာလား
ငါ့ကိုယ်ငါ ဝေခွဲမရပေမယ့်
အသေအချာတော့ ငါချစ်ခဲ့တယ်
တစ်ခဏစာတောင်မတွေးဘဲ
တစ်ဘ၀စာအရေးအတွက်
တွေးတောမျှော်မြင်လို့
….. ငါ …..
ပျော်ရွှင်ခဲ့တယ် ချစ်သူ
စိတ်ကူးယဉ် အိပ်ယာထဲမှာ
ဖိတ်စာလည်း ပါသလို
ပွဲတက်အခမ်းအနား အလယ်
မင်္ဂလာကိတ်ပါ အဆုံး
ပရိသတ်ရှေ့ မှာလိုအပြုံးနဲ့
နှစ်ကိုယ်တူနီးဖို့အရေး
နှီးနှောမျှော်မြင်လို့
….. ငါ …..
ပျော်ရွှင်ခဲ့တယ် ချစ်သူ
ကျရာနေရာ မရွေးပါဘဲ
ယောင်နောက်ဆံထုံး ပါဖို့အရေး
ငါ့မှာတွေးလို့ ရင်တွေခုန်
မယား ၀တ္တရားကျေပွန်ဖို့
တတ်သင့်တဲ့ အရည်အချင်းတွေ
တစ်သွေ မယွင်းရအောင်
ကြံဆမျှော်မြင်လို့
….. ငါ …..
ပျော်ရွှင်ခဲ့တယ် ချစ်သူ
ခုတော့ဖြင့် ချစ်သူရယ်
တစ်ခဏတာလေးအတွက်
ငါ့မှာတော့ ပေးဆပ်လိုက်ရတာ
သွေးပျက်မတတ် လောက်အောင်ပဲ
ရွေးရက်စက်တတ်သူ အတွက်တော့
ငါဟာ ဓါးစာခံ သားကောင် တရားခံတစ်ယောက်
ခေါင်းငုံ့ကာ ငိုကြွေးလို့
….. ငါ …..
ကျရှုံးခဲ့တယ် ချစ်သူ
နှောင်ဖွဲ့ရန်ငြိုး ရက်စက်ညှိုးပြီး
ငါ့ကိုနှိပ်စက် စိတ်ပျက်လောက်အောင်
စိတ်ဖြေနေသမျှ အတိတ်တွေကြေမွ
အရည်အဖတ်ရယ်မရ သိက္ခာဗရဗွနဲ့
ကောက်စရာမဲ့တဲ့ လိပ်ပြာအလှကို
စိတ်အနာရလို့ ငါပူဆွေး
လူတွေအဝေးမှာနေလို့
….. ငါ …..
ရှောင်ပေးခဲ့တယ် ချစ်သူ
နောက်ဆုံးတော့ မင်းရန်သူအဖြစ်
ခံယူပြစ်လို့ ငါ့ကိုမုန်းလည်း
ရင်ထဲက တခမ်းတနားနဲ့ မင်္ဂလာကိတ်
မင်းသာ မနှိပ်စက်ခဲ့ရင်
ထက်ခြမ်းမကွဲလောက် သေးပါဘူး
မင်းသဘောကျ နေသွားပြပါ့မယ်
တစ်ဦးပစ်မှတ် တစ်ဦးဖြစ်လို့
….. ငါ …..
ရင်ကွဲရတယ် ချစ်သူ
Comment #3
ကြိုတင်ပြင်ဆင်ထားတာလေး
မင်းသဘောကျနေပြသွားပါမယ်ဆိုတာ၇ယ်
ေ၇ှာင်ပေးပါတယ်၇ယ်
တပုဒ်လုံးမှ မေတ္တာပျက်တဲ့ သဘော မတွေ့ ၇ဘူး
ကို့ မေတ္တာနဲ့ သူ မေတ္တာ အလေးအဆ တူ ၇င် ဆုံစည်းခွင့် ၇ပါစေလို့ 

Comment #5
oh,,
sate ma kaung like tar shin,
:'(

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားချက်ချင်းတူလို့ ပိုခံစားမိတယ်လို့ မပြောတော့ ဘူးလူတွေသိကုန်လိမ့် မယ်နော်။ဟဲဟဲ
ကျနော်မင်းလူနပါ…………….
ဒီကဗျာကိုကြိုက်တယ
နှောင်ဖွဲ့ရန်ငြိုး ရက်စက်ညှိုးပြီး
ငါ့ကိုနှိပ်စက် စိတ်ပျက်လောက်အောင်
စိတ်ဖြေနေသမျှ အတိတ်တွေကြေမွ
အရည်အဖတ်ရယ်မရ သိက္ခာဗရဗွနဲ့
ကောက်စရာမဲ့တဲ့ လိပ်ပြာအလှကို
စိတ်အနာရလို့ ငါပူဆွေး
လူတွေအဝေးမှာနေလို့
….. ငါ …..
ရှောင်ပေးခဲ့တယ် ချစ်သူ်