ကျွန်တော်တို့မြို့ ဒါမှမဟုတ် ရွှေခြေချင်းတို့ရဲ့ မန္တလေး
ကုန်းဘောင် ၏ နိဂုံး ၊ အပြုံးတစ်ခါ မပျက်ပဲ
မှန်ရာကို ထွင်းထုကာ ၊ ရာဇ၀င်မှာ စာတင်ခဲ့တဲ့
မင်းတုန်း ကနောင်တို့ရဲ့ အောင်မြင်မှု
အုတ်ရိုးကာရံ ၊ ပြအိုး ပစ္စင်ဝိုင်းပါလို့
ရွှေနန်းတော် ကျုံးပတ်လည်နှင့်
ရှုမငြီးနိုင်တဲ့ ကျွန်တော်တို့မြို့…
မန္တလေးတောင် နဲ့ မြွေကြီးနှစ်ကောင်
တောင်ဘက်မှာလည်း မဟာမုနိ
အရှေ့ကို ကြည့်ပြန်တော့
ရိုးမ ခေါ် မောရှမ်းတောင်က
ပါးနီလေးနဲ့ ပြုံးပြကာနေ
လယ်သမားကြီး အောင်ပင်လယ်
ပေးကာဝေမျှတဲ့ ကျေးဇူးတော်ကြောင့်
တစ်မိုးအောက်မှာ ဖြိုးမောက်ကာ ထလာတဲ့
ကျွန်တော်တို့မြို့…
မြို့လယ်က နာရီစင် ၊ ဒင်ဒင် ဒေါင်ဒေါင် အချက်ပေးလို့
လိုတရ ဈေးချိုတော်မှာ ၊ တစ်ထွာသော ၀မ်းရေး အတွက်
တက်ကြွစွာ ရောင်းဝယ်နေသော
ကျွန်တော်တို့မြို့…
နေခြည်ဖြာက ၊ သာယာလှပေ့
ရေရိပ်ရေအောက် ၊ ပေါ်ကာပေါက်လာ
မျိုးစုံသော အနုပညာ ၊ မရိုးနိုင်တဲ့ ရသတွေနဲ့
ရာသီ ဆယ့်နှစ်လ ၊ အပျင်းတော်ပြေစေတဲ့
ကျွန်တော်တို့မြို့…
ဂီတ နဲ့ သမိုင်းစိုက်ထူတဲ့
နန်းတော်ရှေ့က ဆရာတင်
ညက်ညောသာယာတဲ့ ဂီတသံစဉ်
မြို့မနဲ့ ငွေငန်းသခင် ဆရာငြိမ်း
စာပေ နဲ့ ဂီတ ၊ မွှေးပျံ့ကာ ထုံလွှမ်းနေတဲ့
ကျွန်တော်တို့မြို့…
သာသနာမြို့ လို့ခေါ်တဲ့ အောင်ကျော်ချမ်းအေး
ယဉ်ကျေးမှုမြို့ လို့ သမုတ်တဲ့ အုတ်ကျစ်ကျော်အေး
ရွှေခြေကျင်းမြို့တော် လို့ အမည်တွင်ပြန်တဲ့ အင်ကြင်းကြာအုံ
အမျိုးမျိုး အဖုံဖုံ ခေါ်ကာတွင်တဲ့
ကျွန်တော်တို့မြို့…
ဇွဲကြီးစွာ ဖြတ်ကျော်ခဲ့တဲ့ ရတု သုံးခု
ဆက်ကာ ဆက်ကာ သွားနေဦးမယ့် အနာဂတ်
သမိုင်းပြုစုသူ မောင်မောင် နဒီဧရာက
အမြဲ မပြတ် မှတ်တမ်းတင်ဦးမယ့်
ကျွန်တော်တို့မြို့
ဒါမှ မဟုတ်
ရွှေခြေချင်းတို့ရဲ့ မန္တလေး………………….
အုတ်ရိုးကာရံ ၊ ပြအိုး ပစ္စင်ဝိုင်းပါလို့
ရွှေနန်းတော် ကျုံးပတ်လည်နှင့်
ရှုမငြီးနိုင်တဲ့ ကျွန်တော်တို့မြို့…
မန္တလေးတောင် နဲ့ မြွေကြီးနှစ်ကောင်
တောင်ဘက်မှာလည်း မဟာမုနိ
အရှေ့ကို ကြည့်ပြန်တော့
ရိုးမ ခေါ် မောရှမ်းတောင်က
ပါးနီလေးနဲ့ ပြုံးပြကာနေ
လယ်သမားကြီး အောင်ပင်လယ်
ပေးကာဝေမျှတဲ့ ကျေးဇူးတော်ကြောင့်
တစ်မိုးအောက်မှာ ဖြိုးမောက်ကာ ထလာတဲ့
ကျွန်တော်တို့မြို့…
မြို့လယ်က နာရီစင် ၊ ဒင်ဒင် ဒေါင်ဒေါင် အချက်ပေးလို့
လိုတရ ဈေးချိုတော်မှာ ၊ တစ်ထွာသော ၀မ်းရေး အတွက်
တက်ကြွစွာ ရောင်းဝယ်နေသော
ကျွန်တော်တို့မြို့…
နေခြည်ဖြာက ၊ သာယာလှပေ့
ရေရိပ်ရေအောက် ၊ ပေါ်ကာပေါက်လာ
မျိုးစုံသော အနုပညာ ၊ မရိုးနိုင်တဲ့ ရသတွေနဲ့
ရာသီ ဆယ့်နှစ်လ ၊ အပျင်းတော်ပြေစေတဲ့
ကျွန်တော်တို့မြို့…
ဂီတ နဲ့ သမိုင်းစိုက်ထူတဲ့
နန်းတော်ရှေ့က ဆရာတင်
ညက်ညောသာယာတဲ့ ဂီတသံစဉ်
မြို့မနဲ့ ငွေငန်းသခင် ဆရာငြိမ်း
စာပေ နဲ့ ဂီတ ၊ မွှေးပျံ့ကာ ထုံလွှမ်းနေတဲ့
ကျွန်တော်တို့မြို့…
သာသနာမြို့ လို့ခေါ်တဲ့ အောင်ကျော်ချမ်းအေး
ယဉ်ကျေးမှုမြို့ လို့ သမုတ်တဲ့ အုတ်ကျစ်ကျော်အေး
ရွှေခြေကျင်းမြို့တော် လို့ အမည်တွင်ပြန်တဲ့ အင်ကြင်းကြာအုံ
အမျိုးမျိုး အဖုံဖုံ ခေါ်ကာတွင်တဲ့
ကျွန်တော်တို့မြို့…
ဇွဲကြီးစွာ ဖြတ်ကျော်ခဲ့တဲ့ ရတု သုံးခု
ဆက်ကာ ဆက်ကာ သွားနေဦးမယ့် အနာဂတ်
သမိုင်းပြုစုသူ မောင်မောင် နဒီဧရာက
အမြဲ မပြတ် မှတ်တမ်းတင်ဦးမယ့်
ကျွန်တော်တို့မြို့
ဒါမှ မဟုတ်
ရွှေခြေချင်းတို့ရဲ့ မန္တလေး………………….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မန္တလေးကို လွမ်းသွားတဲ့ ကဗျာ