ကြယ်ပြာအိပ်မက်(3)
ကြယ်ပြာအိပ်မက်(3)
ပျံ့လွင့်လာတဲ့ ပင်လယ်ရဲ့
တိုးညည်းခြေရာသံသဲ့သဲ့တွေနဲ့
ညညဆို ငါ့ဘယ်ဘက်ပြတင်းတံခါးဆီ
မင်းဝင်ရောက်လို့လာခဲ့ပေါ့ ကြယ်ပြာရယ်…
ဟိုး…လောကဓံဦးတုန်းက
ကူးလူးခဲ့တဲ့ကြယ်မှူန်လွင်ပြင်ထဲမှာ
ငါ့ရာဇ၀င်နေသစ်များ ပျောက်ဆုံး
နောက်ဆုံးတော့ ကန္တာရအလယ်က
သဲပွင့်ရဲ့ငတ်မွတ်ခြင်းလိုပါပဲ
ငါငေးကြည့်မိခဲ့သော….ကာလတွေဟာ
လစ်ဟာမှုတွေနဲ. ပြည့်နက်နေခဲ့တယ်
နေခြည်တွေ အိပ်တဲ့
ခန်းမဆောင်ပိတ်ကားပေါ်က
မိုးကုတ်စက်ဝိုင်းတလျှောက်
စကားပွင့်ကြွေသံကို စောင့်ရင်း
မင်းရှိနေနိုင် မယ့်နေ၀င်ရီသို့
ငါပြေးကြိုထွက်ခဲ့
လှစ်ခါပြလိုတဲ့ ဘ၀ရဲ့ရှာပုံတော်ထဲ
ငါ့အတွက် အလင်း
ကြယ်တစ်စင်းကို ရှာဖွေရင်း
အိမ်မက်တွေထဲပဲ ငါပြန်ပြန်ကြွေခဲ့ရ
ကြယ်ပြာရယ်
ငါ့မနက်တွေ
ကျီးမသာတာလဲ ကြာခဲ့ပြီလေ…
ဒီလောက်ပါပဲ….
ငါ့ရဲ့ အလင်းပွင့်မလေးရယ်…
နားခိုခြင်းကင်းခဲ့တဲ့ ဒီရင်တစ်ခြမ်း
ရိုးသားစွာ ရောင့်ရဲခဲ့တဲ့
ဒီလရောင်မဲ့လမ်းတွေမှာ..
ရင်းနှီးမှုတွေက ကာဆီး
ရင့်သီးကြမ်းတမ်းလွန်းလှတဲ့
ရုပ်ဝတ္ထု ရာသီဆိုးများစွာကို…
ဖြတ်ကျော်ခဲ့ရတဲ့
အိပ်မက်တစ်စ…
အဲဒါ… ငါ့ဘ၀ပေါ့… ကြယ်ပြာရယ်..
Comment #2
thanks

Comment #1
good
i like it
I wish u to success for everything