Professional Authors

အမေ့ခံသူရဲကောင်း-၎

ဘယ်သူ.ကို ကိုးကွယ်ရမှန်းမသိချိန်
ငါ့ကိုငါ ကိုးကွယ်ချင်ပါတယ်
ဘယ်မှာလဲ
“ငါ” ဘယ်မှာလဲ။

ကိုယ့်ကိုကိုယ် သမင်လိုက်သလိုလိုက်နေရတာနဲ.
ဒီအချိန်ဆိုရင်
ရင်ထဲက သီတာဒေ၀ီ
ဘီလူးနောက်ပါသွားရော့မယ်။

ငွေရေးကြေးရေးဒုက္ခဟာ
ရေရောလို.မရဘူး
အမြည်းမပါဘူး
မနက်ကျရင်ခေါင်းကိုက်တယ်။

တစ်ယောက်ထဲခဏခဏ ပြုံးနေဘူးလား
ဒါဟာ
လောကကို
သဘာဝကျကျ အရှုံးပေးနည်းတမျိုးဖြစ်တယ်။

ဖြစ်နိုင်ရင်
ဟောဒီ ဒုလ္လဘထဲက
ငါ…….နှုတ်ထွက်တယ်။ ။

In: ကဗျာ Posted By: Date: Aug 20, 2010
Comment #1

ကဗျာလေး ကတမျိုးလေးပါပဲ….
လမ်းရိုးလေးတစ်ခုက ခွဲထွက်လာသလိုပဲ…ဟီးးးး

commentinfo By: မှုံရွှေရည် at Aug 20, 2010
Comment #2

ကဗျာဆရာမှာအလုပ်နှစ်ခုရှိပါတယ်
တစ်ခုကကို.မှာရှိနေတဲ့ခံစားချက်ကို ပိုမိုထင်ရှားလာအောင်လုပ်ဖို.။
(အတွေးအမြင်လဲပါတာပေါ့။ရှိပီးသားအတွေးအမြင်ကိုထင်ရှားလာဖို.လေ)
မရှိသေးတဲ့အမြင်သစ်ကိုချပြဖို.။
ဒီကဗျာက ဒုတိယအမျိုးအစားကိုကျိုးစားကြည့်တာပါ
အောင်မြင်မအောင်မြင်တော့မသိပါဘူး။

commentinfo By: မော်နီ at Aug 23, 2010
Comment #3

ကြိုးစားရကျိုး နပ်မှာပါရှင်….

commentinfo By: မှုံရွှေရည် at Aug 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment