သိစေချင်တယ်….
ကြယ်တွေကိုငေးကြည့်တိုင်း
ရူးလိုက်တာကွာလို့ မင်းပြောမလား….
ကြယ်တွေကြားမှာ မင်းအရိပ်လေးကို
တွေ့ခွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ငါရူးသွပ်မိတာပါ………………..
သီချင်းလေးတွေကို ဆိုညဉ်းတိုင်း
မိုက်လိုက်တာဆိုပြီး မင်းရီနေမလား
သံစဉ်တွေကြားမှာ မင်းအသံလေးတစွန်းတစများ
ကြားခွင့်ရမလားဆိုပြီး
ငါမိုက်မဲစွာသီဆိုနေတာပါ………..
ချစ်တယ်လို့ပြောမိလိုက်တိုင်း
အပေါစားဆန်လိုက်တာဆိုပြီး မင်းလှောင်နေမလား
မင်းမလိုချင်တဲ့ ငါ့အချစ်တွေရဲ့တန်ဖိုးကို
တနေ့တော့နားလည်လာနိုင်ဖို့ ငါတောင့်တရင်း
မိုက်မိုက်မဲမဲနဲ့ ရူးသွပ်စွာ ချစ်နေခဲ့ရတာပါ……….။ ။
Comment #2
ကြိုက်လို့ကူးခွင့်ပြုပါနော်..
By: phyumarhmwe at Jan 5, 2013
Comment #3
Feel again
By: ei lay at Jan 9, 2013
Comment #4
thanks infinity…
By: phyumarhmwe at Jan 31, 2013
Comment #5
r pay thwar par tal
By: မေပျို at Jan 31, 2013
Comment #7
🙂
Ever make me smile
By: ei lay at Feb 2, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
excellent,