စိတ်ကောက်နတ်သမီး
မင်းကိုငိုအောင်လုပ်ခဲ့ မိသလားကွယ်..
တကယ်တော့..
အထီးကျန်မှုရဲ့ သားကောင်ဟာ..ငါပါ..
ညတွေ ပိုမှောင်လာသလိုဘဲ
ဒီလိုဘဲပေါ့ ငါ၇ဲ့ အရုပ်မလေးရယ်
်အမှန်တရားကို ရှာမတွေ့ချင်မှာတော့
ဘ၀ ဟာ ဖုန်ပေနေတဲ့ ကော့တေးလ် တစ်ခွက်ပေါ့
စကားလုံး မရှိတဲ့ ကမ္ဘာ ကို ငါလိုက်ရှာတယ်
ကာရံ ရယ် ပန်းပွင့် ရယ် နှစ်ချို့ဝိုင်အိုတွေရယ်…
ဂစ်တာမှာ သံစဉ်အချို့ ညှပ်နေရှာတယ်..
ခံစားချက်တွေ ချမနင်းကြေး
ဟုတ်ပြီနော်…
ဒါပေါ့..မင်းပြောပြောနေတဲ့
ဘ၀ပြားပြားကြီးထဲ
အချစ်ကို ထဲ့ ပြီး မီး မလှုံကြေး..
လွမ်းတယ်လို့ပြောဖို့ အချိန်မရှိဘူး..
မြန်မြန် ဇာတ်ပေါင်းကြ စို့ရဲ့…
ဒီလိုဘဲပေါ့..
ငါရဲ့ ငတိမလေးရယ်…
ရေပက်မ၀င်တဲ့ အဆင့်မြင့်လူတွေအတွက်..
စိတ်ကောက်တတ် သူနတ်သမီးလေးအတွက်..
စကားမပြောဘဲ ငါတစ်ယောက်ထဲ
အောင့်အီးနေခဲ့တာ..
မင်းကိုငိုအောင်လုပ်ခဲ့ မိသလားကွယ်..
Comment #2
ကျွန်တော်…….. သေချာခံစားမိသွားပါ၏

Comment #3
ဟုတ်တယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ်ကို ထဲ့ ပြီး မီး မလှုံကြေး.
ကြိုက်တယ်
တစ်ယောက်ယောက်နွေးထွေးမှုရဖို့အချစ်တွေကိုမီးမလှုံကြေး………..