ဖြတ်မျဉ်း (သက်ထွေး)
အချစ်ရဲ့
ဖြစ်တည်မှုကိုက
ဒြပ်ဝတ္ထု
ဆန်လွန်းတာပါ ..
စွန့်ပစ်ခံ
သဘောတရားကို
အစိမ်းရောင်
မြတ်နိုးမှုလို့
ငါယူဆခဲ့ပါရဲ့ ..
ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ ..
ငါ့နားလည်ခြင်းဟာ
ငါ့အရောင်တွေကို
ပြောင်းလဲစေခဲ့တာပဲ
ချစ်သူ ..
ငါ့တိတ်ဆိတ်ခြင်းတွေ
ကြေကွဲတော့
ဘယ်အော်သံများ
လွင့်စင်သွားခဲ့ဖူးလို့လဲ ..
နှုတ်ဆက်ခြင်းက
ဒီလိုပဲလို့
ငါခံယူခဲ့ပါတယ် ..
ငါ့ကိုယ်ငါ
ရှာဖွေဖို့
ဘာကြောင့်
မင်းလို အပ်ရတာလဲ ..
တစ်ကယ်တော့
ဆည်းဆာထွက်ရင်
ပျောက်ရှနေကြ
နေလို
မနက်ဖြန် မနက်
ငါ့ကိုယ်ငါ
ထကြည့်လိုက်ယုံပေါ့ …
ငါ့ယုံကြည်ချက်ကို
ငါမဖတ်ရဲလို့
ငါ စောင့်ကြည့်ခဲ့တာမှာ
ငါမထင်တဲ့
သစ္စာတရားက
ဘယ်လို
လွတ်လပ်မှုမျိုးကို
ဖြည့်ယူသွားလည်း
ငါမသိဘူး …
ဒါပေမဲ့
မင်းခံယူချက်
ဖြတ်မျဉ်းကတော့
ငါ့ရင်ခွင် မျက်နှာပြင်သို့
ကန်လန့် ဖြတ်ကာဆင်း သွားတော့တာပါပဲ ။ ။
သက်ထွေး
၂၅ ဇွန် ၂၀၀၉ ည ၁၀း၃၀
Comment #6
ကောင်းတယ်တီတီရေ…
Comment #7
လိုသလိုထိုးယူလို့မရတဲ့ ညီမျှခြင်းအကြောင်းတွေ ကျွန်တော်လည်း ကောင်းကောင်းကြီးကို နားလည်သွားပြီ။ ဖွဲ့စည်းပုံ နဲ့ စကားလုံးသုံးတဲ့နေရာမှာ အကိုအရမ်း ကောင်းတယ်ဗျာ။
Comment #1
အားလားလား
မိုက်တယ်
အချစ်ရဲ့
ဖြစ်တည်မှု့ကိုက
ဒြပ်ဝတ္ထု
ဆန်လွန်းတာပါ ..
စွန့်ပစ်ခံ
သဘောတရားကို
အစိမ်းရောင်
မြတ်နိုးမှု့လို့
ငါယူဆခဲ့ပါရဲ့ ..
ညီမျှခြင်းဆိုတာ
လိုသလိုထိုးယူလို့
မရကြောင်း
ငါ …
နားလည်ခဲ့ပြီလေ ..
ငါ့နားလည်ခြင်းဟာ
ငါ့အရောင်တွေကို
ပြောင်းလဲစေခဲ့တာပဲ
ချစ်သူ .
ဒါတွေအသေမိုက် .. စစချင်းအပိုဒ်ကို အသေခိုက်
ကိုတီတီ ..မွေးရကျိုးနပ်ပါကြောင်း… ;D
အူဝဲ .. အူဝဲ.. ;P