တစ်ဖက်သတ်…………………..မင်းလူန
စစ်ခင်းယူလို့ ရမယ်ဆိုရင်တောင်
အချစ်စစ်စစ်ဖြစ်နိုင်မှာမဟုတ်မှန်းသိရက်နဲ့ 
ကျူးလွန်ခဲ့ တာလား
ခေါင်းတွေအများကြီးနဲ့ သူရေ
………………………..
ကြင်နာသူကိုမရချင်နေပါတော့ 
သူ့ ဆီကနာကျင်စရာတွေနဲ့ 
ဘ၀ဟာအမြဲခြောက်ခမ်းနေတဲ့ 
သစ်ခြောက်ပင်လို
အသီးအပွင့် ပျောက်ဆုံးမှာတော့ ကြောက်မိတယ်
………………………………
နောင်တကလူကိုပူလောင်တဲ့ သောကအောက်မှာ
အကြာကြီးအိပ်စက်စေနိုင်၏
ဒါကငါ့ ဒိုင်ယာလောခ်
ငါ့ ရင်မှာတော့ 
နောင်တတွေနဲ့ပြည့် နေလို့ 
မင်းဆီလှမ်းမိတဲ့ ခြေလှမ်းတွေကြောင့် 
ပါးဆီမှာလဲ
မြစ်ပူပူကြီးတွေစီဆင်းနေပြီ
……………………
ရာဇ၀င်မှာလူသိရှင်ကြား
အသဲကွဲသူကခေါငိးတွေအများကြီးပါရဲ့ နဲ့ 
စဉ်းစားဥာဏ်မရှိလိုက်တာလို့ 
တခါတလေရှုတ်ချမိတယ်
သူ့ မှာအသဲအများကြီးမပါတာ
ငါဘာကြောင့် ထည့် မတွက်မိပါလမ့် 
………………………
ပန်းဆိုရင်လဲ
လှမ်းမျော်ကြည့် ပြီးလှည့် ပြန်မိမှာ
ခုတော့
ရင်ဘတ်မှာအမြည်ခံပဲရှိတော့ တယ်
နှလုံးသားက
မင်းဥပေက္ခာတွေကြောင့် 
တစစီ…………တစစီနဲ့ 
မင်းလူန
Comment #2
:'(
:'(
:'(
min ye u pyit khar tway kyaunttttttttt

Comment #1
lone wa heart hti de