အဖြည့်ခံမင်းသမီး
ကျောခိုင်းလှည့်ထွက် ထားရက်ခဲ့ရင်တောင်
ငါမင်းကို မငြိုငြင်ရက်ပါဘူး
နောက်ဆုံးဆိုတဲ့ အသိတစ်ချက်နဲ့
ပြုံးပြနှုတ်ဆက်ဖို့လည်း ၀န်မလေးဘူး………
ခုတော့ကွယ်..
ရက်ရက်စက်စက် မင်းလုပ်ရပ်က
ညာဘက်လက်မှာ ငါ့ကိုဆွဲ
ဘယ်လက်မှာ နောက်တစ်ယောက်တွဲလို့
နှစ်အချိုးတစ်နဲ့ ကမယ့်ပွဲမှာ
ငါလဲ မင်းသမီ.. သူလဲ မင်းသမီးတဲ့…….
နာကျင်ခံခက် မုန်းချင်ပါလျက်နဲ့
မရောင့်ရဲတတ်တဲ့ ငါ့မျက်ဝန်းတွေက
ငိုက်မရှက် ကြိုက်မရှက်မို့
မင်းရှေ့မှာ အခစားမပျက်ခဲ့ပြန်တော့
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ကိုယ်သာခံလို့
ကိုယ့်ကိုယ်ကိုတောင် ပြန်မသနားချင်တော့ဘူး………
ခေါင်းဆယ်လုံးနဲ့ ဒသဂီရိတောင်
နှလုံးသားကတော့ တစ်ယောက်ထဲဆီမှာပဲရှိခဲ့တယ်
မင်းလေးကတော့ကွာ..
လက်ဆယ်ဖက်သာရှိခဲ့ရင်
ဆယ်ယောက်လက်ကိုဆွဲလို့
မင်းသမီးဆယ်ယောက်တွဲမယ့်သူပဲလေ……..
ပင့်ကူတစ်ကောင်ယက်တဲ့ ကြိုးပုခက်မှာ
ဆင်းသက်မိရှာတဲ့ လိပ်ပြာငယ်လို
အမှည့်ခြွေခြွေမှာ သိလျက်နဲ့
တရှိုက်မက်မက်ချစ်ခဲ့တဲ့ ငါ့အဖြစ်က
နောက်ဘ၀ဆိုတာရှိခဲ့ရင်တောင်
မင်းအတွက် ပေးဆပ်နေချင်တုန်းပဲ……
နာကျင်တဲ့…. ချိုမြိန်မှု
ခါးသက်တဲ့….နွေးထွေးမှု
စူးရှတဲ့…..ကြည်နူးမှု
မောဟိုက်တဲ့…..တမ်းတမှုတွေနဲ့
ဘယ်တော့မှ နောင်တမရတော့မယ့်
အငမ်းမရ ချစ်မိခဲ့သူငါက
ဘ၀ရဲ့ တစ်ခန်းရပ် ပြဇာတ်မှာ
ရွှေမင်းသားစိတ်အလိုကျ
လှလှပပ အသုံးတော်ခံရင်း
ဖြေတွေးနဲ့ နေပျော်နေလေသမျှ
ခြေချော်မကျအောင် ဆုတောင်းရုံပဲကွယ်……..
Comment #2
Thanks , fri.
Comment #4
ကျေးဇူးတင်တယ်နော်… အားပေးတာ
Comment #5
ခုတော့ကွယ်..
ရက်ရက်စက်စက် မင်းလုပ်ရပ်က
ညာဘက်လက်မှာ ငါ့ကိုဆွဲ
ဘယ်လက်မှာ နောက်တစ်ယောက်တွဲလို့
နှစ်အချိုးတစ်နဲ့ ကမယ့်ပွဲမှာ
ငါလဲ မင်းသမီ.. သူလဲ မင်းသမီးတဲ့…….
နာကျင်ခံခက် မုန်းချင်ပါလျက်နဲ့
မရောင့်ရဲတတ်တဲ့ ငါ့မျက်ဝန်းတွေက
ငိုက်မရှက် ကြိုက်မရှက်မို့
မင်းရှေ့မှာ အခစားမပျက်ခဲ့ပြန်တော့
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ကိုယ်သာခံလို့
ကိုယ့်ကိုယ်ကိုတောင် ပြန်မသနားချင်တော့ဘူး………
ခေါင်းဆယ်လုံးနဲ့ ဒသဂီရိတောင်
နှလုံးသားကတော့ တစ်ယောက်ထဲဆီမှာပဲရှိခဲ့တယ်
မင်းလေးကတော့ကွာ..
လက်ဆယ်ဖက်သာရှိခဲ့ရင်
ဆယ်ယောက်လက်ကိုဆွဲလို့
မင်းသမီးဆယ်ယောက်တွဲမယ့်သူပဲလေ……..
Comment #1
ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။ ကဗျာတွေက