ဝိပ္ပလ္လာသ မြူပြယ်ခြင်း
အရိပ်ကအရောင်
အရောင်က အတိတ်ဖြစ်
နစ်ခဲ့ရ ၀ိပ္ပလ္လာ…….
ဝေ့ရီရီ မှုန်မှုန်မှိုင်း
အရိုင်းရောင် ပျက်ပြယ်လွင့်ရန်
လင့်ခဲ့ရပါ…….
ကာလရဲ့ နေခြည်
ရွှေရည်ဖြာ ပုဝါဖွင့်တော့
မျှော်လင့်ရ အရိပ်ဟာ
ဘယ်ဆီမှာရှောင်ခွာရင်း……….
တရံရောလျှင် ပြန်မလာပါလား
ပြန်ပြောရင် ဒဏ်ရာများနဲ.
သံယောဇဉ် ကမ္ဘာခြားမှာ
(ငယ်ရေ….)
ထားခဲ့လေခြင်း။ ။
(၆.၁.၁၉၉၇ ကကဗျာလေး အမှတ်တရ ပြန်တင်တာပါ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကာလရဲ့ နေခြည်
ရွှေရည်ဖြာ ပုဝါဖွင့်တော့
မျှော်လင့်ရ အရိပ်ဟာ
ဘယ်ဆီမှာရှောင်ခွာရင်း……….
တရံရောလျှင် ပြန်မလာပါလား
ပြန်ပြောရင် ဒဏ်ရာများနဲ.
သံယောဇဉ် ကမ္ဘာခြားမှာ
(ငယ်ရေ….)
ထားခဲ့လေခြင်း။ ။
လှလိုက်တဲ့ ကဗျာလေးရှင်…..
ဒီလို အရေးအသားလည်း ရတာပဲလား ကိုမိုးညို…
လေးစားမိပါတယ်ရှင်…
ရှိသေးရင်လည်း အရင်ကအဟောင်းလေးတွေပဲဖြစ်ဖြစ် ပြန်လည်မျှဝေပေးပါအုံးလို့ တောင်းဆိုပါရစေ….
ဆန္ဒရှိမှပါနော်….
ကျေးဇူးပါ…