ရူးသွပ်မှု (Kitty Yang)
အရုဏ်ဦးမှအိပ်စက်ပါရစေ
အရသာမရှိတဲ့ ဒီနေမင်းကို
မရင်ဆိုင်ချင်ဘူး…
သူနဲ့မဆိုင်သလို
ဥပက္ခာတွေနဲ့
ငါ့ကိုမျက်နှာသစ်စေခဲ့လို့။
အသုံးမကျတဲ့လူသားအဖြစ်
ငါ့ကိုငါပညက်လို့
ရူးသွပ်မှုတွေနဲ့လည်း
မိတ်ဆက်ခဲ့တယ်။
ပါရမီက
မသေးလှပါဘူး
ရံဖန်ရံခါ
ကြိတ်ငိုသံတွေက
နားဝင်တောင်ချိုလာပြီ။
ဘဝဆိုတာ ဘာတဲ့လဲ
ဘယ်အချိန်မှ
ငါမွေးဖွားလာမည်နည်း.
အဖြေတစ်ခုကို ရှာဖွေတုန်း
အစမရှိတဲ့ ဒီဘဝကလည်း
ကျွတ်ချင်ပါရဲ့…
နှလုံးသားငိုသံနဲ့အတူလည်း
မျက်လုံးအိမ်က အရည်ပျော်တယ်။
26th August 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ်….. ကောင်းလိုက်တာ.. (:
ဘဝဆိုတာ ဘာတဲ့လဲ
ဘယ်အချိန်မှ
ငါမွေးဖွားလာမည်နည်း..
အဖြေတစ်ခုကို ရှာဖွေတုန်း
နှလုံးသားငိုရင်း
မျက်လုံးအိမ်က အရည်ပျော်တယ်..
အမှန်က တစ်ပုဒ်လုံးသဘောကျတာနော်….
(: