မိုင်ပေါင်းများစွာ
အခုဆိုရင် အခန်းထဲမှာ
ကျွန်တော်ရယ်
စက်ရပ်သွားတဲ့ နာရီတစ်လုံးရယ်
လွင့်ပျံ့နေတဲ့ စိတ်ကလေးရယ်ပဲ
ကျန်ရစ်တော့တယ်
ဘာမှ မရှိတော့ဘူး
ခြင်တွေ တရုန်းရုန်း
ယင်တွေ တ၀ုန်းဝုန်းနဲ့
ကျွန်တော်တစ်ယောက်တည်း
သိမ်းကြုံးညစ်ပတ်လိုက်တော့မယ်။
ကျွန်တော်မလျှောက်လည်း
ဒီလမ်းက ကောက်သွားမယ် မထင်ပါဘူး
နောက်ဆိုရင် ဒီအခန်းထဲမှာ
ပိုးအိမ်တွေနဲ့ ဖုန်မှုန့်တွေကလွဲလို့
ဘာမှ ကျန်ရစ်ခဲ့တော့မှာ မဟုတ်ဘူး
အချစ်ရယ်
မင်းမမြင်အောင် ကိုယ်ပုန်းနေတဲ့ အကြောင်း
မင်းမကြားနိုင်လောက်အောင်
ကိုယ်တို့
သိပ် ဝေးသွားကြပြီကွယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်မလျှောက်လည်း
ဒီလမ်းက ကောက်သွားမယ် မထင်ပါဘူး
နောက်ဆိုရင် ဒီအခန်းထဲမှာ
ပိုးအိမ်တွေနဲ့ ဖုန်မှုန့်တွေကလွဲလို့
ဘာမှ ကျန်ရစ်ခဲ့တော့မှာ မဟုတ်ဘူး
အချစ်ရယ်
မင်းမမြင်အောင် ကိုယ်ပုန်းနေတဲ့ အကြောင်း
မင်းမကြားနိုင်လောက်အောင်
ကိုယ်တို့
သိပ် ဝေးသွားကြပြီကွယ်။ ။