တနေ့နေ့တော့
အရိုးသားဆုံး အပြုံးမျိုးနဲ့
ပြုံးပြရုံမျိုးလောက်ပါ ရှင်ရယ်
ဒီအပြုံးရဲ့ ဆုလာဘ်ကတော့
လူတစ်ချို့တွေရဲ့ မျက်ဝန်းက
ပြစ်တင် ဝေဖန်သံတွေပဲပေါ့
မထင်မှတ်ပဲ တိုက်ဆိုင်ခဲ့တဲ့
ရှင့်ရဲ့အမူအရာအချို့ကို လွမ်းနေပေမဲ့
အိပ်မက်မှာတောင် မပျော်ရဲတဲ့ဘ၀ပါ
အရင်ကအပြုံးတွေကို
အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းရင်း
အားလုံးတွေစိတ်ချမ်းသာဖို့ ကျွန်မကြိုးစားမယ်
တနေ့နေ့မှာတော့
ကျွန်မရဲ့ အရိုးသားဆုံးအပြုံးတွေကို
အားလုံးတွေနားလည် လာနိုင်ကြမယ်လို့
မျှော်လင့်ပါတယ်……….။ ။
Comment #2
😛
By: ei lay at Jul 1, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
yin tway taung tone twar de.