ဝှက်ဖဲ
အိုး…..ဘာတွေလာပြောနေတာတုန်း
ပြောပုံ ဆိုပုံက တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ 2012ထဲက အတိုင်းပဲ
အားလုံးကို လန်းသွားအောင်
အကဲစမ်းတဲ့ သဘောနဲ့ မိုးပေါ်ထောင်ပစ်ခဲ့ရုံ
ဒီမဟဲ့ ကြောက်အား လန့်အားနဲ့ ငြိမ်းချမ်းရေးကဗျာ ထ ရွတ်သူက ရွတ်
မျက်ဖြေကဗျာ ရေးတဲ့သူက ရေး
အနုပညာအဘိဓမ္မာ ချပြသူက ချပြသဟ
ဟိုကလေးမကတော့
ဟာသကားကြည့်လိုက်ရသလိုမို့ ကျေးဇူးတင်သတဲ့
အဲသလိုအပြောနဲ့ ငါ့ရဲ့ ဖုန်းနံပါတ်ကို တောင်းတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service