ယနေ့ ဟိုသတင်း ဒီသတင်း
-ရူးကျွန်မူလို့ ကပ်၊သွပ်ကျွန်မူလို့ ချောင်းကာ ပညာရှာသူ လူငယ်တစ်ဦး
ကျောင်းတော်လာ အုပ်စုတစ်စုရဲ့ လှောင်ပြောင်ခြင်းခံရ
-ပပ၀တီ ဘယ်လောက်ပဲ လှနေဦးတော့
ဟောဟိုက စကပ်အတိုနဲ့အပျိုမလေးလောက် ရင်မခုန်ကြောင်း အဆိုလွှာတင်သွင်း
-smileပုံ ပါတဲ့အသုံးအဆောင်လေးများ ကျွန်တော်တို့ဘက်မှာ အရောင်းသွက်
-လူဟာ ဆက်ဆံရေးသတ္တ၀ါအဖြစ်မွေးဖွားလာပြီး မိုးခါးရေ သောက်သင့် မသောက်သင့်
-သင့်အကြောင်း တစေ့တစောင်း
-ပန်းချီကားအတု၊ဆေးဝါးအတု၊အီလက်ထရောနစ်အသုံးအဆောင်အတု၊အနုပညာအတု များနှင့်သာ
ရင်ခုန်နေရသော မိတ္တူကမ္ဘာထဲက ကဗျာဆရာတစ်ယောက်ရဲ့ ရင်ဖွင့်သံ
-ရာသီဥတုအကျိုးအပျက် ထဲက လူသားအားလုံးဆီ
ဘုရားသခင်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့
-ဒီကနေ့ အကိုးအကားဟာ အင်တာနက်ပဲ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အထက်ပါ သတင်းများ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသွားခြင်း
(: