နှလုံးသားမျက်နှာ (ဖော်ဝေး)
စိမ်းညို့တောရိပ်
တိတ်ဆိတ်ခြင်းရဲ့ညီးတွားသံ
နက်မှောင်ရှည်လျား
အေးစက်ခြေလှမ်းများရှပ်ရှပ်
ရွာ၏ ပန်းချီကားတချပ်ပြပွဲမှာ။
ရေနံမြေသပိတ်
အတိတ်ကိုလွမ်းစရာ
မဟာရန်ကုန်လမ်းများ
ခြေသံကြားမလားနားစွင့်တယ်။
ချွေးစီးမွန်းနစ်
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိုတဲ့ “ဂေါ်ကီ”
ငါ့ဆီဖိတ်ခဲ့မီတာကို။
သမ္မတရုံလှေကား
မှန်ချပ်များခြောက်လှန့်ပြ
ငါ့ကိုငါရှောင်ခဲ့ရဘူးတယ်။
နက်ဖြန်မနက်မှ
စံပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သွား
ခွင့်လွှတ်ဖို့စကားဆိုမယ်။ ။
ဖော်ဝေး
/******************* ထုတ်ဝေမှုတမ်း *****************/
မြန်မာကျူးပစ်စာစဉ်း ချစ်တဲ့ကဗျာ (၆)
ကဗျာပုဒ်ရေး ၁၄ ပုဒ်
ထုတ်ဝေခြင်းး ပထမအကြိမ်
ထုတ်ဝေကာလး ၂၀၀၈ ခုနှစ် ၊ ဒီဇင်ဘာလ
အုပ်ရေး ကန့်သတ်မထား
စုစည်းသူး မနော်ဟရီ
မျက်နှာဖုံးပန်းချီး မောင်ဒီ
အတွင်းပန်းချီး ဘိုကြည်
စာအုပ်အပြင်အဆင်း ကိုထက်