လရေးနှစ်ချောင်းငင်လူ
ငါ့တံခါးကိုအသာအယာစေ့ပိတ်ပြီး
အသက်ကြီးလှရှိပေါ့လို့ကိုယ့်ကိုယ်မှတ်ချက်ပေးလိုက်တယ်
အနည်းဆုံးတော့စိတ်သက်သာရကြောင်းပေါ့။
လောကနိယာမကိုသိပေမယ့်
မှန်အကွဲလေးကိုမှတ်မှတ်ရရသိမ်းထားဆဲ
ဗီဇဆိုတာဖျောက်ရအခက်သားလားလို့ကိုယ့်ကိုယ်စိတ်ဖြေဖို့ကြိုးစားမိတယ်
စာတွေပေတွေလေ့လာလိုက်တာကလည်းမြေလွှာအထပ်ထပ်စာ
လေပွေငယ်မွှေ့တဝေ့ဝေ့လည်
သစ်ရွက်လဲသစ်ရွက်တို့ဘာသာ
မြူငွေ့တောလဲ မြူငွေ့တောဘာသာ
စိတ်လိုလက်ရရှိရင် နံနက်ခင်းလမ်းလျှောတ်ထွက်လိုထွက်
ဖဝါးတို့သွေးနဲ့နွေးနွေး
နေ့ကလေးတွေကုန်လွယ်ဆုံးလွယ်
အဆုံးမသိပေမယ့်
အဆုံးသတ်ရတော့မယ်
ပြင်ထားမှဆင်ထားမှ။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service