အတိမ်အနက် မတူညီမှု
ပျက်ခဲ့ကြတာချင်းတော့ အတူတူပါ
မိန်းကလေး ၁ ယောက်ရဲ့ ပျက်ခဲ့တဲ့ဘဝ..
ယောက်ျားလေး ၁ ယောက်ရဲ့ ပျက်ခဲ့တဲ့ဘဝ
အတိမ်အနက် တူညီမှာတဲ့လား။
ထိခိုက်ခဲ့ကြတာချင်းတော့ အတူတူပါ
မိန်းကလေး ၁ ယောက်ရဲ့ ထိခိုက်ခဲ့တဲ့ စိတ်ခံစားမှု
ယောက်ျာလေး ၁ ယောက်ရဲ့ ထိခိုက်ခဲ့တဲ့ စိတ်ခံစားမှု
အတိမ်အနက် တူညီမှာတဲ့လား။
နာကျင်ခဲ့ကြတာချင်းတော့ အတူတူပါ
မိန်းကလေး ၁ ယောက်ရဲ့ နာကျင်မှု
ယောက်ျာလေး ၁ ယောက်ရဲ့ နာကျင်မှု
အတိမ်အနက် တူညီမှာတဲ့လား။
တကယ်ဆို
သဘာဝ မတူကြသလို
ဖြစ် ပျက်မှုမှာလည်း တူညီနိုင်မယ့် အတိမ်အနက် ရှိနိုင်မှာတဲ့လား။
(၄-၉-၂ဝ၁ဝ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service