တားမြစ်နယ်မြေ
မင်းခန္ဓာကိုယ်မှာ
တားမြစ်ဧရိယာတွေ ရှိသလို
ငါ့နှလုံးသားမှာလည်း တားမြစ်နယ်မြေတစ်ခုရှိတယ်
တစ်ယောက်နဲ.တစ်ယောက်
စည်းမဖောက်ကြေးလေ 😛 ။
စိတ်လည်းဆိုးမနေနဲ.
မင်းပါးပြင်ပေါ်က ၀က်ခြံလေးကို
မိတ်ကပ်နဲ.တို.ပြီးဖျက်သလိုမျိုး
ကိုယ့်ရဲ့ ရုပ်ဆိုးတဲ့အပိုင်းကို
ကိုယ့်ချစ်သူကို မမြင်စေချင်လို.ပါကွယ်။
နာကျည်းဖွယ် ငါ့အတိတ်ကို
ထာဝရမြုပ်နှံထားတဲ့ ဂူသင်္ချိုင်း တစ်ခုဖြစ်သလို
ရည်းစားဟောင်းရဲ့ အမှတ်တရများထားရှိသော
“အမုန်းပြတိုက်” တစ်ခုလည်းဖြစ်တယ်။
တံခါးဖွင့်လိုက်ရင် ထွက်လာမယ့် အမုန်းငွေ.က
နှလုံးသားတစ်ခုလုံး ခြောက်သွေ.သွားနိုင်လို.
ကမ္ဘာအဆုံး ငါပိတ်ထားလိုက်တာ
မ၀င်ချင်ပါနဲ.ချစ်သူ။ ။
Comment #2
အားပေးလျှက်ပါရှင်….း)
By: မှုံရွှေရည် at Sep 7, 2010
Comment #3
ကိုမော်နီ
အားပေးတယ်နော်……
ကိုမော်နီကဗျာတွေဖတ်တိုင်း….စိတ်ထဲမှာကျန်နေရစ်တယ်…….
ကဗျာတွေအများကြီးရေးနော်………
ကိုမော်နီပျော်ရွှင်ပါစေ……………..။ ။
By: ကဗျာချစ်သူ at Jan 16, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းခန္ဓာကိုယ်မှာ
တားမြစ်ဧရိယာတွေ ရှိသလို
ငါ့နှလုံးသားမှာလည်း တားမြစ်နယ်မြေတစ်ခုရှိတယ်
တစ်ယောက်နဲ.တစ်ယောက်
စည်းမဖောက်ကြေးလေ
အဟီးးးးးးးးးး ဘာကိုပြောတာလဲဟင်
တို့သိတရ်နော်