အမြဲတမ်း
လေတွေတိုက်ရင်
သစ်ပင်တွေ ရိမ်းနွဲ့ကြတယ်နော်။
ငါကတော့နင့်စကားလုံးတွေမှာ
တုန်လုပ်မိတယ်ကလေးရယ်။
မချစ်ဘူးလို့တော့ မပြောကြေးနော်
အရူးစာရင်းမှာ ငါပါသွားနိုင်လို့ပါ။
ပန်းပွင့်လေးတွေကို ခြွေသလို
ငါ့ဘဝကို ခြွေနိုင်တာ မင်းပါလို့။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်တစ်ခုလုံးကို
မင်းပိုင်တယ်နော်။
ရက်စက်စွာလုပ်ပိုင်ခွင့်တော့ တားစီးပါရစေ။
ငါ့ဘက်ကတော့ အချစ်ဆိုတာကို
မနေ့ကနဲ့ ဒီနေ့နဲ့ အတူတူပဲနော်။
နောက်နေ့လည်း ဒီလိုပါပဲကွာ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service