ကြေကြေကွဲကွဲ
စိတ်ဓါတ်တွေအတက်အကျမမှန်ဘူး
မျှော်လင့်ခြင်းတွေခြေပစ်လက်ပစ်နဲ့
ဘာမှမလိုချင်ဘူးပြောရင်တောင်
ဘာမှပေးစရာမရှိဘူးလို့လာလာပြောနေသလိုမျိုး
ဘယ်သူနဲ့မှမတွေ့ချင်လို့မှန်တောင်မကြည့်တော့ဘူး
တင်းထားတဲ့မရှိမဲ့ရှိမဲ့မာန်တွေနဲ့
ဆုပ်ထားဖြစ်တဲ့လက်သီးခပ်ကျစ်ကျစ်တွေ
အိပ်နေရင်တောင်မေးကြောကြီးတွေထောင်လို့
နိုးလာခဲ့ရင်တော့
ငါ့တနေရာစာကွက်ကျားမိုးတွေသဲ….
ငါကတော့………မျက်ရည်မြစ်ထဲမျော…………………။။။
အမရာ
Comment #2
ဘယ်သူနဲ့မှမတွေ့ချင်လို့မှန်တောင် မကြည့်တော့ဘူး ဆိုတဲ့ စာသားလေးကို ကြိုက်တယ်
By: wathankha at Sep 7, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘယ်သူနဲ့ မှမတွေ့ ချင်လို့ မှန်တောင် မကြည့်တော့ဘူး။