အတိတ်ဟောင်း
မနက် နိုးထတိုင်းမက်ခဲ့ရတဲ့ အိမ်မက်က
ဝေးသွားရတော့မှ ခါးသီးလွန်းတယ်
သစ္စာတရားကို မိုးကြိုးသွားလက်နက်တစ်ခုလို စွဲကိုင်ခဲ့လဲ
အပ်တိုတစ်ချောင်းလောက် အသုံးမဝင်ခဲ့ဘူး
ဖြူစင်ပါတယ်ဆိုတဲ့ အဖြူရောင်လေးရယ်
အရောင်စွန်းထင်းလွယ်မှန်း သတိမပြုမိခဲ့ဘူး
အငြိုးအမုန်းတွေ ပြည့်နေတဲ့အသိနဲ့မင်း
ခွင့်လွှတ်နားလည်ပေးမဲ့ ငါ့ကိုယုံနိုင်ပါ့မလား
အမှောင်ဖုံးတဲ့ အခိုက်အတန့်
အလင်းရောင်လည်း ပျောက်ကွယ်တာပဲ
တင်းထားတဲ့သံယောဇဉ် ပြတ်မှာစိုးလို့
လျှော့ပေးလိုက်မှ လွတ်ထွက်သွားတယ်
ပြန်အလာကို စောင့်မျှော်နေမိလည်း
ရက်စက်စွာ စွန့်ပစ်သွားခဲ့သူမို့ ကြောက်မိတယ်
အပြုံးနဲ့ စခဲ့တဲ့ ဘဝတစ်ခုကို
မျက်ရေနဲ့ အဆုံးသတ်ခဲ့ရတယ်
LoRdiE (Sep 8 2010, 11:45 PM)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Bro
I like it ….
It touches my heart