“မလွမ်းဖြစ်တဲ့ အလွမ်း”
“မလွမ်းဖြစ်တဲ့ အလွမ်း”
မလွမ်းအောင် နေကြည့်ဖြစ်တယ်
အလျားလိုက် ရှင်သန်ရင်းပေါ့
ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်တော့
ဒေါင်လိုက်ကြီးကို လွမ်းလို့ …..
စက်ဝိုင်းတခုရဲ့ အစဟာ
ကိုယ့်လက်နဲ့ရေးတဲ့ မုသားတွေဖြစ်ဖြစ်သွား
သော့မရှိတဲ့ တံခါးလို့ပြောတိုင်း
နံရံကို ပြေးမြင်ရင်
ရိုးရာမပျက် စိတ်ကြွေတွေ ငါ ခူးပေးမယ်
ကောင်မလေးရယ်
အဓိပ္ပါယ်မပြည့်စုံတဲ့ ဝါကျတွေဖတ်ဖို့
ငါ့မျက်မှန်လေး အားငယ်နေရော့မယ်
လေတိုက်တိုင်းသာ ခွာညိုတွေဖူးကြကြေးဆို
သတ်ပုံမှားတဲ့မျက်ရည်တွေ ငါ ရေးနေရမှာ ….
ချီရွန် ( ပုလဲ )
Comment #4
စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါ့ဘဝ မှင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါမခေါ်ချင်ဘူး။
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။
တာရာမင်းဝေ
အဲဒါလေးကို ပြန်သတိရတယ်
Comment #5
very nice poem
Comment #6
ကျွန်တော့် ကဗျာတွေမှာ ဆရာ့ရဲ့ အရိပ်တွေ မကင်းသေးဘူးဗျ။ သူ့စကားလုံးအတိုင်း ဖြစ်သွားတာတော့ သူ့ကဗျာတွေကို စွဲနေတာကြောင့်ပါ။ ကိုဇင်ကို ကျေးဇူးတင်ပါတယ်။
Comment #8
ဘာမှကို မပြောချင်တော့ဘူး
ဆိုး ဆိုး ဂွဒ်ဒ် 😀
Comment #1
nice poem